Social Stories

နေ့တိုင်းလိုလို ခွေးလေးတွေကို အခမဲ့မုန့်များကျွေးလေ့ရှိသော ရေခဲမုန့်ရောင်းတဲ့ဦးလေး

Written by KB Chimmy

ကျွန်တော်တို့အများစုက ခွေးတွေကို ချစ်မြတ်နိုးတဲ့သူတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ထိုင်းနိုင်ငံ Ratchaburi ပြည်နယ်ရှိ ကြင်နာတက်တဲ့ ရေခဲမုန့်ရောင်းသူတစ်ဦးဟာ ခွေးငယ်လေးများကို အခမဲ့ရေခဲမုန့် ပေးဝေနေတာကို မြင်ရတော့ အလွန်ဝမ်းသာမိပါတယ်။ Facebook အသုံးပြုသူ တစ်ဦးက ရေခဲမုန့်ရောင်းသူ နဲ့ ခွေးသုံးကောင်တို့ရဲ့ နှလုံးနွေးထွေးဖွယ်ပုံပြင်ကို မျှဝေလိုက်ပါတယ်။ ဦးလေးဟာ ခွေးငယ်လေးများဖြစ်တဲ့ ဤခွေးသုံးကောင်ကို အခမဲ့ရေခဲမုန့်ပေးနေပါတယ်။ သူ့ရဲ့ ကုန်ကျစရိတ်တွေကို ဖြုန်းတီးနေတယ်လို့ မစဥ်းစားဘဲ အလှူသဘောနဲ့သာ ကျွေးခဲ့ပါတယ်။ Facebook အသုံးပြုသူက သူမဟာ သမီးငယ်အတွက် ရေခဲမုန့်ဝယ်ဖို့ ခေါ်လာပြီး ‌ရေခဲမုန့်ရောင်းသူက “ ခဏစောင့်ပေးပါ။ ကျွန်တော့် ဆီမှာ ဖောက်သည် အနည်းငယ်ရှိနေသေးတယ် ” လို့ Facebook အသုံးပြုသူကို ပြောခဲ့ပါတယ်။ Facebook အသုံးပြုသူက ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘူး ဆိုတာကို သတိပြုမိတဲ့အခါ သူမ စိတ်ရှုပ်သွားပါတယ်။ သို့သော် ရုတ်တရက် ဦးလေးက “ ရေခဲမုန့်အဆင်သင့်ပါပဲ” လို့ ကျယ်လောင်စွာ အော်ခဲ့ပြီး ခွေးဖြူ ၃ ကောင်ဟာ သူတို့ ရေခဲမုန့်ရယူဖို့ လျင်မြန်စွာပြေးလာခဲ့ပါတယ်။ ဦးလေးဟာ “ ဒါတွေက ကျွန်တော့်ရဲ့ပုံမှန်ဖောက်သည်ပဲဖြစ်ပါတယ်။ သူတို့ကို ကျွန်တော် မုန့်ခမဲ့ပေးလေ့ရှိတယ်။ ပြီးတော့ အခုသူတို့ရေခဲမုန့် လိုချင်နေကြတာဖြစ်တယ်။ ” လို့ သူမကို ပြောပြခဲ့ပါတယ်။

သူမက ရေခဲမုန့်စားရင်း နဲ့ “ခွေးတွေကို ဘာလို့ရေခဲမုန့် ပေးတာလဲ” လို့ ဦးလေးကိုမေးခဲ့ပါတယ်။ အဲ့ဒီနောက် သူက ” သူတို့ကိုကျွေးတာဟာ ကျွန်တော် အများကြီးဆုံးရှုံးမှာလဲ မဟုတ်ပါဘူး ” လို့ ပြန်ဖြေလိုက်ပါတယ်။ ဒီအဖြစ်အပျက်က စိတ်ဝင်စားစရာကောင်းတဲ့အတွက် Facebook သုံးသူ အမျိုးသမီးက ခွေးတွေအတွက် ရေခဲမုန့်ကုန်ကျစရိတ်ကို ပေးဖို့ ဆုံးဖြတ်ခဲ့လိုက်ပါတယ်။

JRose (KB Chimmy)

Reference : thesmartlocal

Zawgyi

ကြၽန္ေတာ္တို႔အမ်ားစုက ေခြးေတြကို ခ်စ္ျမတ္ႏိုးတဲ့သူေတြ ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ထိုင္းႏိုင္ငံ Ratchaburi ျပည္နယ္ရွိ ၾကင္နာတက္တဲ့ ေရခဲမုန္႔ေရာင္းသူတစ္ဦးဟာ ေခြးငယ္ေလးမ်ားကို အခမဲ့ေရခဲမုန႔္ ေပးေဝေနတာကို ျမင္ရေတာ့ အလြန္ဝမ္းသာမိပါတယ္။ Facebook အသုံးျပဳသူ တစ္ဦးက ေရခဲမုန႔္ေရာင္းသူ နဲ႔ ေခြးသုံးေကာင္တို႔ရဲ႕ ႏွလုံးေႏြးေထြးဖြယ္ပုံျပင္ကို မွ်ေဝလိုက္ပါတယ္။ ဦးေလးဟာ ေခြးငယ္ေလးမ်ားျဖစ္တဲ့ ဤေခြးသုံးေကာင္ကို အခမဲ့ေရခဲမုန႔္ေပးေနပါတယ္။ သူ႔ရဲ႕ ကုန္က်စရိတ္ေတြကို ျဖဳန္းတီးေနတယ္လို႔ မစဥ္းစားဘဲ အလႉသေဘာနဲ႔သာ ေကြၽးခဲ့ပါတယ္။ Facebook အသုံးျပဳသူက သူမဟာ သမီးငယ္အတြက္ ေရခဲမုန႔္ဝယ္ဖို႔ ေခၚလာၿပီး ‌ေရခဲမုန္႔ေရာင္းသူက “ ခဏေစာင့္ေပးပါ။ ကြၽန္ေတာ့္ ဆီမွာ ေဖာက္သည္ အနည္းငယ္ရွိေနေသးတယ္ ” လို႔ Facebook အသုံးျပဳသူကို ေျပာခဲ့ပါတယ္။ Facebook အသုံးျပဳသူက ပတ္ဝန္းက်င္မွာ ဘယ္သူမွမရွိဘူး ဆိုတာကို သတိျပဳမိတဲ့အခါ သူမ စိတ္ရႈပ္သြားပါတယ္။ သို႔ေသာ္ ႐ုတ္တရက္ ဦးေလးက “ ေရခဲမုန႔္အဆင္သင့္ပါပဲ” လို႔ က်ယ္ေလာင္စြာ ေအာ္ခဲ့ၿပီး ေခြးျဖဴ ၃ ေကာင္ဟာ သူတို႔ ေရခဲမုန႔္ရယူဖို႔ လ်င္ျမန္စြာေျပးလာခဲ့ပါတယ္။ ဦးေလးဟာ “ ဒါေတြက ကြၽန္ေတာ့္ရဲ႕ပုံမွန္ေဖာက္သည္ပဲျဖစ္ပါတယ္။ သူတို႔ကို ကြၽန္ေတာ္ မုန႔္ခမဲ့ေပးေလ့ရွိတယ္။ ၿပီးေတာ့ အခုသူတို႔ေရခဲမုန႔္ လိုခ်င္ေနၾကတာျဖစ္တယ္။ ” လို႔ သူမကို ေျပာျပခဲ့ပါတယ္။

သူမက ေရခဲမုန႔္စားရင္း နဲ႔ “ေခြးေတြကို ဘာလို႔ေရခဲမုန္႔ ေပးတာလဲ” လို႔ ဦးေလးကိုေမးခဲ့ပါတယ္။ အဲ့ဒီေနာက္ သူက ” သူတို႔ကိုေကြၽးတာဟာ ကြၽန္ေတာ္ အမ်ားႀကီးဆုံးရႈံးမွာလဲ မဟုတ္ပါဘူး ” လို႔ ျပန္ေျဖလိုက္ပါတယ္။ ဒီအျဖစ္အပ်က္က စိတ္ဝင္စားစရာေကာင္းတဲ့အတြက္ Facebook သုံးသူ အမ်ိဳးသမီးက ေခြးေတြအတြက္ ေရခဲမုန႔္ကုန္က်စရိတ္ကို ေပးဖို႔ ဆုံးျဖတ္ခဲ့လိုက္ပါတယ္။

JRose (KB Chimmy)

About the author

KB Chimmy

Leave a Comment