Social Stories

မိုးသည်းကြီးမဲကြီးရွာနေပေမဲ့လည်း BFFရဲ့မင်္ဂလာပွဲမို့ ရွံ့ဗွက်တွေထဲထိဒွန့်ခဲ့ကြတဲ့ သတို့သမီးအရံလေးများ

Written by KB Chimmy

မင်္ဂလာဆောင်ပွဲဟာ ကြီးမားတဲ့နေ့တစ်နေ့ဖြစ်ပြီး ကျွန်တော်တို့ချစ်တဲ့သူ နဲ့ အတူတကွကျင်းပရန် အကောင်းဆုံးအချိန်လေး တစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံက မင်္ဂလာဆောင်ပွဲများဟာ မနက်ခင်းရိုးရာအခမ်းအနားပြီးဆုံးပြီးနောက် ညတွေမှာ တကယ့်မိုက်တဲ့ပါတီများ ကျင်းပလေ့ရှိကြပါတယ်။ ထိုင်းသတို့သမီးအဖွဲ့တစ်ဖွဲ့ မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့တာကို ကြည့်ခြင်းအားဖြင့် အင်တာနက်အသုံးပြုသူများကို ရယ်မောစရာဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ရင်းနှီးရတဲ့မိတ်ဆွေတွေက သူတို့ BFFs တစ်ဦးရဲ့ မင်္ဂလာပွဲမှာ ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါတယ်။ သို့သော် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးကြောင့် ထိုနေရာမှာ ရေ နဲ့ ရွှံ့တွေ ပြည့်နှက်နေခဲ့ပါတယ်။ နံနက်ခင်း အခမ်းအနားအတွက် လှလှပပဆင်မြန်းမှုပြုလုပ်ပြီးတဲ့နောက် သူတို့သူငယ်ချင်းရဲ့ ကြီးမားတဲ့နေ့ကို ပျော်မွေ့ရန်အချိန် ဖြစ်ခဲ့ပါတယ်။ ထို့နောက် သတို့သမီးအပျိုများဟာ ရွှံ့နွံထဲ ကစားပြီး အဝတ်အစားများ ညစ်ပတ်သွားမှာကို စိုးရိမ်ခြင်းမရှိဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနေကြပါတယ်။ သူတို့ဟာ ရွှံ့အက နဲ့ အတူ သတို့သမီးကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

သူတို့ရဲ့ဓါတ်ပုံတွေကို အွန်လိုင်းမှာ ဝေမျှပြီးတဲ့နောက် မကြာခင်မှာပဲ သူတို့ရဲ့ လုပ်ရက်တွေက အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူအများစုက ၎င်းတို့ဟာ ချစ်စရာကောင်းပြီး ရယ်စရာကောင်းတယ်လို့ မှတ်ချက်ပေးကြပါတယ်။ မိုးရွာတဲ့အခြေအနေများကြားမှ ၎င်းအမျိုးသမီးများ အတူတကွပျော်ရွှင်နေကြတာကို ကျွန်ုပ်တို့တွေ့မြင်ရဒါ ဝမ်းသာမိပါတယ်။

.

.

JRose (KB Chimmy)

Reference : thesmartlocal

Zawgyi



JRose (KB Chimmy)

About the author

KB Chimmy

Leave a Comment