Social Stories

ရောဂါခံစားနေရတဲ့ သားဖြစ်သူကို ကောလိပ်အထိပညာသင်ကြားစေချင်လို့ နေ့စဉ်ကျောပိုးပြီး ကျောင်းပို့ခဲ့တဲ့ မိခင်

Written by KB Chimmy

တရုတ်နိုင်ငံ၊ Guizhou ပြည်နယ်ရှိ ကျေးရွာတစ်ရွာမှာ မိခင်တစ်ဦးဟာ ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေရတဲ့သားကို ကျောပိုးကာ ကျောင်းသို့ ခေါ်ဆောင်လာခဲ့ပါတယ်။ သူမသားဟာ amyotrophic lateral sclerosis (ALS) ခံစားနေရပြီး ကောလိပ်တက်ရန် စိတ်ကူးရှိနေခဲ့ပါတယ်။ Tangzhe ကျေးရွာရှိ အသက် ၄၈ နှစ်အရွယ် Yang Dalian လို့ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့သားကို ဘီးတပ်ကုလားထိုင်ဖြင့် နေ့တိုင်းကျောင်းခေါ်လာပြီး သူပြောင်းရွှေ့ရန်လိုအပ်ချိန်တွင်မှာ သူမကျောပိုးပြီး သယ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ဆယ်ကျော်သက်သား Yao Wen ဟာ ALS ရောဂါခံစားနေရပြီး သူကိုယ်တိုင် လမ်းမလျှောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူကအခြားသောလူတွေလိုပဲ ရည်မှန်းချက် ရှိနေခဲ့ပါတယ်။ Lou Gehrig ရောဂါလို့လည်းလူသိများတဲ့ ALS ရောဂါတစ်မျိုးဟာ အာရုံကြောဆဲလ်များကို သက်ရောက်မှုရှိစေပြီး မလှုပ်ရှားနိုင်အောင် ကြွက်သားများကို ထိခိုက်စေနိုင်ပါတယ်။ Yao Wen ဟာ သူရဲ့အခြေအနေကမကောင်းသော်လည်း ကျောင်းမှာ ကြိုးစားနေခဲ့ပါတယ်။ သူရဲ့ဆရာက Yao ဟာအတန်းနောက်ကျတာတို့၊ အခြားသူနဲ့ အဆင်မပြေတာတို့ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

Yao Wen ရဲ့ အိပ်မက်ဟာ ၎င်းအခြေအနေများကြားမှ ကောလိပ်ကိုတက်ရန်ဘဲဖြစ်ပါတယ်။ သူရဲ့မိခင်က သူ့ကိုအပြည့်အဝကောလိပ်တက်ခွင့်ရရန် “ကျွန်မ ဘယ်လောက်ပဲခက်ခဲပါစေ သူနဲ့အတူသွားမယ်” လို့ အပြည့်အဝထောက်ခံနေခဲ့ပါတယ်။ Yao ဟာ လက်ရှိ Yuping Country Ethnic High School မှာ သူရဲ့ အထက်တန်းကျောင်းပြီးဆုံးသွားပါပြီ။ Yao ဟာ သူရဲ့အတန်းဖော်ချင်းများ သာမက ငါတို့အတွက်လည်း လှုံ့ဆော်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။ အကယ်လို့ သူဟာ သူ့ရဲ့အိပ်မက်များကို ဖြတ်ကျော်ရန် ခက်ခဲပေမဲ့လည်း ကျွန်ုပ်တို့ တိုက်ခိုက်သင့်တယ်လို့ Yao က ဆိုခဲ့ပါတယ်။ Yao နဲ့ သူ့ရဲ့မိခင်ဖြစ်သူတို့ရဲ့ အိပ်မက်များလျှောက်လှမ်းနိုင်ရန် အကောင်းဆုံးဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။

JRose (KB Chimmy)

Reference : thesmartlocal

Zawgyi

တ႐ုတ္ႏိုင္ငံ၊ Guizhou ျပည္နယ္ရွိ ေက်း႐ြာတစ္႐ြာမွာ မိခင္တစ္ဦးဟာ ဘီးတပ္ကုလားထိုင္ေပၚထိုင္ေနရတဲ့သားကို ေက်ာပိုးကာ ေက်ာင္းသို႔ ေခၚေဆာင္လာခဲ့ပါတယ္။ သူမသားဟာ amyotrophic lateral sclerosis (ALS) ခံစားေနရၿပီး ေကာလိပ္တက္ရန္ စိတ္ကူးရွိေနခဲ့ပါတယ္။ Tangzhe ေက်း႐ြာရွိ အသက္ ၄၈ ႏွစ္အ႐ြယ္ Yang Dalian လို႔ေခၚတဲ့ အမ်ိဳးသမီးဟာ သူမရဲ႕သားကို ဘီးတပ္ကုလားထိုင္ျဖင့္ ေန႔တိုင္းေက်ာင္းေခၚလာၿပီး သူေျပာင္းေ႐ႊ႕ရန္လိုအပ္ခ်ိန္တြင္မွာ သူမေက်ာပိုးၿပီး သယ္ေဆာင္ခဲ့ပါတယ္။ သူမရဲ႕ ဆယ္ေက်ာ္သက္သား Yao Wen ဟာ ALS ေရာဂါခံစားေနရၿပီး သူကိုယ္တိုင္ လမ္းမေလွ်ာက္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ သူကအျခားေသာလူေတြလိုပဲ ရည္မွန္းခ်က္ ရွိေနခဲ့ပါတယ္။ Lou Gehrig ေရာဂါလို႔လည္းလူသိမ်ားတဲ့ ALS ေရာဂါတစ္မ်ိဳးဟာ အာ႐ုံေၾကာဆဲလ္မ်ားကို သက္ေရာက္မႈရွိေစၿပီး မလႈပ္ရွားႏိုင္ေအာင္ ႂကြက္သားမ်ားကို ထိခိုက္ေစႏိုင္ပါတယ္။ Yao Wen ဟာ သူရဲ႕အေျခအေနကမေကာင္းေသာ္လည္း ေက်ာင္းမွာ ႀကိဳးစားေနခဲ့ပါတယ္။ သူရဲ႕ဆရာက Yao ဟာအတန္းေနာက္က်တာတို႔၊ အျခားသူနဲ႔ အဆင္မေျပတာတို႔ မရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Yao Wen ရဲ႕ အိပ္မက္ဟာ ၎အေျခအေနမ်ားၾကားမွ ေကာလိပ္ကိုတက္ရန္ဘဲျဖစ္ပါတယ္။ သူရဲ႕မိခင္က သူ႔ကိုအျပည့္အဝေကာလိပ္တက္ခြင့္ရရန္ “ကြၽန္မ ဘယ္ေလာက္ပဲခက္ခဲပါေစ သူနဲ႔အတူသြားမယ္” လို႔ အျပည့္အဝေထာက္ခံေနခဲ့ပါတယ္။ Yao ဟာ လက္ရွိ Yuping Country Ethnic High School မွာ သူရဲ႕ အထက္တန္းေက်ာင္းၿပီးဆုံးသြားပါၿပီ။ Yao ဟာ သူရဲ႕အတန္းေဖာ္ခ်င္းမ်ား သာမက ငါတို႔အတြက္လည္း လႈံ႕ေဆာ္မႈတစ္ခုျဖစ္ေစခဲ့ပါတယ္။ အကယ္လို႔ သူဟာ သူ႔ရဲ႕အိပ္မက္မ်ားကို ျဖတ္ေက်ာ္ရန္ ခက္ခဲေပမဲ့လည္း ကြၽႏ္ုပ္တို႔ တိုက္ခိုက္သင့္တယ္လို႔ Yao က ဆိုခဲ့ပါတယ္။ Yao နဲ႔ သူ႔ရဲ႕မိခင္ျဖစ္သူတို႔ရဲ႕ အိပ္မက္မ်ားေလွ်ာက္လွမ္းႏိုင္ရန္ အေကာင္းဆုံးျဖစ္ပါေစလို႔ ေမွ်ာ္လင့္ပါတယ္။

JRose (KB Chimmy)

About the author

KB Chimmy

Leave a Comment