Social Stories
အများပြည်သူသွားလာနေတဲ့ လမ်း ၊ တံတားတွေပေါ်မှာ ထူးထူးဆန်းဆန်း မင်္ဂလာဆောင်ဓာတ်ပုံတွေရိုက်ခဲ့ကြလို့ ဝေဖန်ပြစ်တင်ခံနေရတဲ့စုံတွဲ
Written by KB Chimmy
သင်ဟာ သင့်ဘဝရဲ့ချစ်ရတဲ့သူနဲ့ လက်ထပ်လိုက်တဲ့အခါ သင့်ရဲ့မင်္ဂလာဆောင်ဓါတ်ပုံကို ထူးခြားဖွယ်ရာအဖြစ် တစ်ကမ္ဘာလုံးကိုသိစေချင်မယ်ဆိုတာ နားလည်မိပါတယ်။ သို့ပေမဲ့လည်း ဗီယက်နမ်စုံတွဲနှစ်ဦးဟာ သူတို့ရဲ့ မင်္ဂလာဆောင်ဓါတ်ပုံတွေကို အထူးပြုလုပ်ရန်နဲ့ ပိုမိုထူးခြားဖွယ်ကောင်းအောင် ရိုက်ကူးခဲ့ပါတယ်။ စောင်‌တွေ နဲ့ ခေါင်းအုံးတွေကို သယ်ဆောင်လာကြပြီး သူတို့ဟာ ဟနွိုင်းလမ်းများပေါ်မှာ ဖြတ်သွားဖြတ်လာများပြီး အလွန်ရှုပ်ထွေးဖွယ်ကောင်းတဲ့ လူတွေကြားကနေ အနီးကပ်ရိုက်ချက်များကို ရဲရင့်စွာ တင်ပြခဲ့ကြပါတယ်။ ၎င်းရိုက်ချက်တွေကို ‌ဟနွိုင်းမြို့မှာ နေထိုင်တဲ့ ဓာတ်ပုံဆရာ Hai Le Cao ရဲ့အကြံဉာဏ်ဘဲဖြစ်ပါတယ်။ ဓာတ်ပုံဆရာက The Smart Local Vietnam နဲ့ သူ့ရဲ့အယူအဆအားဖြင့် ဗီယက်နမ်လူငယ်တွေက သူတို့ရဲ့နှလုံးသားကို လိုက်လျောစေရန် သူတို့ရဲ့ဘဝကို အပြည့်အဝနေထိုင်ရန် တိုက်တွန်းလိုတဲ့စိတ်နဲ့ ရိုက်ကူးစေခဲ့ပါတယ်။ ရိုက်ချက်တစ်ခုမှာ ထိုစုံတွဲနှစ်ဦးဟာ အနောက်အိုင်ကမ်းခြေရှိနေရောင်ခြည်ကို အံ့သြဖွယ်ကောင်းတဲ့ မြင်ကွင်းကို အဖြူရောင်စောင်ထဲမှာနေပြီး ကြည့်နေကြပါတယ်။ အခြားတစ်နေရာမှာ သူတို့ဟာ နံနက်ခင်းအချိန် အိပ်ရာခင်းထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ဖက်ရည်တစ်ခွက်သောက်ပြီး မဂ္ဂဇင်းစာအုပ်ဖတ်နေကာ သာယာဖွယ်‌ကောင်းတဲ့ မနက်ခင်းလေးကို ခံစားနေကြပါတယ်။ Long Biên တံတားဟာ သမိုင်းဝင်အထင်ကရနေရာတစ်ခုလည်း ဖြစ်ပါတယ်။ လမ်းဘေးမှာ ကားများမောင်းနှင်သူတွေဟာလည်း ခင်ပွန်း နဲ့ ဇနီးတို့ရဲ့ ဓာတ်ပုံရိုက်ကူးရေးကို စောင့်ကြည့်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ထူးခြားတဲ့ ၎င်းစုံတွဲနှစ်ဦးရဲ့ မင်္ဂလာဆောင်ဓါတ်ပုံတွေဟာ အင်တာနက်ပေါ်မှာ များစွာသော Netizen တို့ရဲ့ စကားထွက်ပေါ်လာခဲ့ပါတယ်။ အချို့သော အင်တာနက်အသုံးပြုသူများက သူတို့ကို ချစ်စရာကောင်းကြတယ်။ အချို့ကတော့ အနောက်ကကမ်းခြေရဲ့ ရိုက်ချက်ဟာ “ မယုံနိုင်လောက်အောင် အံ့သြဖွယ်ကောင်းတယ်” ဆိုပြီး ချီးမွမ်းခြင်းခံရပါတယ်။ “ ငါဒီရိုက်ချက်ကိုတကယ်သဘောကျတယ်” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ သူတို့စုံတွဲနှစ်ဦးရဲ့ ရိုက်ချက်ဟာ တချို့သော လူတွေအများစုရဲ့ မကောင်းတဲ့အမြင်တွေလည်း ဖြစ်စေပါတယ်။
.
.
JRose (KB Chimmy)
Reference : thesmartlocal
Zawgyi
JRose (KB Chimmy)
About the author
KB Chimmy
Leave a Comment