Social Stories

နခီဆူမို ကလေးငိုပြိုင်ပွဲကို မေလ ၅ရက်နေ့ရောက်တိုင်း နှစ်စဥ်ကျင်းပလေ့ရှိတဲ့ နိုင်ငံ

Written by KB Chimmy

Naki Sumo ကလေးငိုပြိုင်ပွဲကို နှစ်ပေါင်း ၄၀၀ ကျော် သမိုင်း နဲ့အတူ Naki Sumo ဂျပန်နိုင်ငံရှိ နတ်ကွန်းများက နှစ်စဉ်ကျင်းပသော ရိုးရာပွဲတော် ဘဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မေလ ၅ ရက်နေ့ ကလေးများနေ့မှာ ကျင်းပတဲ့ရိုးရာပွဲတော်လည်း ဖြစ်တာပါ။ sumōပြိုင်ပွဲဝင်များဟာ ကလေးငယ်များကို ငိုရန်အတွက် ယှဉ်ပြိုင်နေကြပါတယ်။ Dohyō (ပြိုင်ပွဲများကျင်းပတဲ့နေရာနပန်းကွင်း) မှာ သူတို့တွေက ကလေးငယ် ၂ ယောက်စီကို ကိုင်ထားပြီး ကလေးငယ်တွေ မျက်ရည်ကျဖို့ လုပ်နေကြပါတယ်။ ၎င်းဟာ ကြောက်စရာကောင်းတဲ့မျက်နှာများပြုလုပ်ခြင်း၊ ဆူညံသံကျယ်ခြင်း (သို့) ကလေးကို ပေါ့ပေါ့တန်တန်လုပ်ခြင်း တို့လည်း ပါဝင်ပါတယ်။ ပထမ ဦး ဆုံးငိုကြွေးမြည်တမ်းတဲ့ကလေးငယ်ဆိုရင် ပြိုင်ပွဲမှာ အနိုင်ရပါလိမ့်မယ်။ အကယ်လို့ ပြိုင်ပွဲဝင်ကလေးငယ်နှစ်ဦးဟာ တစ်ပြိုင်နက်တည်း မျက်ရည်များကျလာမယ်ဆိုရင် ပိုမိုကျယ်လောင်စွာ ငိုကြွေးတဲ့ကလေးက ဆုရရှိသူအဖြစ်ကြေငြာပြီး ကောင်းမွန်တဲ့ကျန်းမာရေး နဲ့ ပြည့်စုံလိမ့်မယ် ဖြစ်ပါတယ်။ ကလေးများ အော်ဟစ်ငိုကြွေးခြင်းဟာ အလိုအလျောက်တုံ့ပြန်မှု ရှိနိုင်ပါတယ်။ သို့သော် သူတို့ရဲ့ ရိုးရာဓလေ့ဟာ “ ငိုနေတဲ့ကလေးများဟာဆိုရင် ကြီးထွားခြင်းမြန်ဆန်လိမ့်မယ်” လို့ အဓိပ္ပာယ်ရတဲ့ (naku ko wa sodatsu) ဂျပန်ရိုးရာ အစဉ်အလာက စတင်ခဲ့ပါတယ်။ နောက်ပြီး ကလေးရဲ့ငိုကြွေးသံများကိုမဆို နတ်ဆိုးတွေကို ခုခံကာကွယ်နိုင်တယ် လို့ ယုံကြည်ကြပါတယ်။

ဒါကြောင့်လည်း ထိုအဖြစ်အပျက်ဟာ မိဘများအကြားမှာ အလွန်လူကြိုက်များနေခဲ့ပါတယ်။ ပြိုင်ပွဲဝင်ပြိုင်ဖို့အတွက် နတ်ကွန်းအများစုကို အဆင့်မြင့်လျှောက်ထားရန် လိုအပ်သလို မှတ်ပုံတင်ရင်လည်း ၁၃၀၀၀ မှ ၁၅၀၀၀ (~ USD125.63-USD144.96) ပေးရပါတယ်။ Naki Sumo ကလေးငိုပြိုင်ပွဲကို တစ်နိုင်ငံလုံးရှိနတ်ကွန်းတွေက ကျင်းပပြီး တစ်နှစ်ပတ်လုံးကျင်းပနေတာကြောင့် တရားဝင်ဝက်ဘ်ဆိုက်မှာလည်း ကြည့်ရှုနိုင်ပါတယ်။

.

.

.

.

JRose (KB Chimmy)

Reference : thesmartlocal

Zawgyi

Naki Sumo ကေလးငိုၿပိဳင္ပြဲကို ႏွစ္ေပါင္း ၄၀၀ ေက်ာ္ သမိုင္း နဲ႔အတူ Naki Sumo ဂ်ပန္ႏိုင္ငံရွိ နတ္ကြန္းမ်ားက ႏွစ္စဥ္က်င္းပေသာ ႐ိုးရာပြဲေတာ္ ဘဲျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ေမလ ၅ ရက္ေန႔ ကေလးမ်ားေန႔မွာ က်င္းပတဲ့႐ိုးရာပြဲေတာ္လည္း ျဖစ္တာပါ။ sumōၿပိဳင္ပြဲဝင္မ်ားဟာ ကေလးငယ္မ်ားကို ငိုရန္အတြက္ ယွဥ္ၿပိဳင္ေနၾကပါတယ္။ Dohyō (ၿပိဳင္ပြဲမ်ားက်င္းပတဲ့ေနရာနပန္းကြင္း) မွာ သူတို႔ေတြက ကေလးငယ္ ၂ ေယာက္စီကို ကိုင္ထားၿပီး ကေလးငယ္ေတြ မ်က္ရည္က်ဖို႔ လုပ္ေနၾကပါတယ္။ ၎ဟာ ေၾကာက္စရာေကာင္းတဲ့မ်က္ႏွာမ်ားျပဳလုပ္ျခင္း၊ ဆူညံသံက်ယ္ျခင္း (သို႔) ကေလးကို ေပါ့ေပါ့တန္တန္လုပ္ျခင္း တို႔လည္း ပါဝင္ပါတယ္။ ပထမ ဦး ဆုံးငိုေႂကြးျမည္တမ္းတဲ့ကေလးငယ္ဆိုရင္ ၿပိဳင္ပြဲမွာ အႏိုင္ရပါလိမ့္မယ္။ အကယ္လို႔ ၿပိဳင္ပြဲဝင္ကေလးငယ္ႏွစ္ဦးဟာ တစ္ၿပိဳင္နက္တည္း မ်က္ရည္မ်ားက်လာမယ္ဆိုရင္ ပိုမိုက်ယ္ေလာင္စြာ ငိုေႂကြးတဲ့ကေလးက ဆုရရွိသူအျဖစ္ေၾကျငာၿပီး ေကာင္းမြန္တဲ့က်န္းမာေရး နဲ႔ ျပည့္စုံလိမ့္မယ္ ျဖစ္ပါတယ္။ ကေလးမ်ား ေအာ္ဟစ္ငိုေႂကြးျခင္းဟာ အလိုအေလ်ာက္တုံ႔ျပန္မႈ ရွိႏိုင္ပါတယ္။ သို႔ေသာ္ သူတို႔ရဲ႕ ႐ိုးရာဓေလ့ဟာ “ ငိုေနတဲ့ကေလးမ်ားဟာဆိုရင္ ႀကီးထြားျခင္းျမန္ဆန္လိမ့္မယ္” လို႔ အဓိပၸာယ္ရတဲ့ (naku ko wa sodatsu) ဂ်ပန္႐ိုးရာ အစဥ္အလာက စတင္ခဲ့ပါတယ္။ ေနာက္ၿပီး ကေလးရဲ႕ငိုေႂကြးသံမ်ားကိုမဆို နတ္ဆိုးေတြကို ခုခံကာကြယ္ႏိုင္တယ္ လို႔ ယုံၾကည္ၾကပါတယ္။

ဒါေၾကာင့္လည္း ထိုအျဖစ္အပ်က္ဟာ မိဘမ်ားအၾကားမွာ အလြန္လူႀကိဳက္မ်ားေနခဲ့ပါတယ္။ ၿပိဳင္ပြဲဝင္ၿပိဳင္ဖို႔အတြက္ နတ္ကြန္းအမ်ားစုကို အဆင့္ျမင့္ေလွ်ာက္ထားရန္ လိုအပ္သလို မွတ္ပုံတင္ရင္လည္း ၁၃၀၀၀ မွ ၁၅၀၀၀ (~ USD125.63-USD144.96) ေပးရပါတယ္။ Naki Sumo ကေလးငိုၿပိဳင္ပြဲကို တစ္ႏိုင္ငံလုံးရွိနတ္ကြန္းေတြက က်င္းပၿပီး တစ္ႏွစ္ပတ္လုံးက်င္းပေနတာေၾကာင့္ တရားဝင္ဝက္ဘ္ဆိုက္မွာလည္း ၾကည့္ရႈႏိုင္ပါတယ္။

JRose (KB Chimmy)

About the author

KB Chimmy

Leave a Comment