Lifestyle

ကလေးများနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကြိုးခုန်တမ်းဆော့ကစားပြီး အကောင်းဆုံးကစားဖော်ဖြစ်ပေးခဲ့တဲ့ ခွေးလေး

Written by KB Chimmy

ခွေးတွေဟာ သူတို့ရဲ့အထီးကျန်ဆန်ဆုံးအချိန်မှာဆို လူတစ်ယောက်ရဲ့အကောင်းဆုံးအဖော်ဖြစ်စေခဲ့ပါတယ်။ ရက်သတ္တပတ် အစောပိုင်းက ထိုင်းမိန်းကလေးငယ်နှစ်ဦးဟာ ရာဘာကြိုးဖြင့် နှစ်ကွင်းချည်ကာ ရိုးရာကလေးကစားနည်းဖြစ်တဲ့ နန်ယန်း (Nang Yang) ဂိမ်းကစားရာမှာ ခွေးတစ်ကောင်ပါရှိနေတာကို တွေ့လိုက်ရပါတယ်။ ကြည်ညိုလေးစားဖွယ်ရာ မြင်ကွင်းဟာ အင်တာနက်သုံးစွဲသူတွေကို မျက်လုံးပြူးထွက်စေခဲ့ပါတယ်။ နန်ယန်းကစားပွဲကို ကစားနေတဲ့ မိန်းကလေးငယ်နှစ်ဦးရဲ့ဗွီဒီယိုအတိုကို ထိုင်းနိုင်ငံရဲ့ နေစဉ်ဖြစ်ပျက်နေတဲ့ သတင်းတွေကိုတင်တဲ့ အထူးအကောင့်တစ်ခုမှာ မျှဝေလိုက်ပါတယ်။ ခွေးတစ်ကောင်ဟာ က‌လေးငယ်တွေအတွက် ကြိုးခတ်ထားတဲ့ ဗီဒီယိုလေးဟာ ကြည့်ရှုသူ ၉၉,၁၀၀ ကျော်ရှိလာခဲ့ပါတယ်။ ၎င်းဗီဒီယိုဟာ လူအများရဲ့အာရုံကို ဖမ်းစားစေခဲ့ပါတယ်။

ဒီဗီဒီယိုထဲမှာ မိန်းကလေးငယ်တစ်ဦးက ခုန်ကြိုးကို ကျော်ပြီး ကစားနေတုန်းမှာ ငြိမ်သက်စွာ ကြိုးကို ကိုင်နေခဲ့တာပါ။ စက္ကန့်အနည်းငယ်အကြာမှာ ကလေးမလေးက ပျော်ရွှင်နေတဲ့ ခွေးကလေးရဲ့ခေါင်းကို ပွက်နေခဲ့ပါတယ်။ ဤကဲ့သို့သော အဖြစ်အပျက်များဟာ သင့်ရဲ့နှလုံးသားကို အမြဲတမ်းစွဲမြဲနေစေနိုင်ရုံ သာမက သင့်ရဲ့ ခွေးကလေးတွေကို ပိုပြီး တန်ဖိုးထားစေမာဖြစ်ပါတယ်။

.

.

JRose (KB Chimmy)

Reference : thesmartlocal

Zawgyi



JRose (KB Chimmy)

About the author

KB Chimmy

Leave a Comment