Social Stories

ပထမအိမ်ထောင်ရေး ပျက်ပြားသွားပြီးနောက် အမျိုးသားသုံး ဦး နဲ့ လက်ထပ်ယူခဲ့တဲ့ အမျိုးသမီး

Written by KB Chimmy

ယူဂန္ဒါႏိုင္ငံ၊ အူဂူဂါရာ ၿမိဳ႕က အသက္ ၃၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ ဦးဟာ သူမရဲ႕ပထမအိမ္ေထာင္ေရး ပ်က္ျပားသြားၿပီးေနာက္ အမ်ိဳးသားသုံး ဦး နဲ႔ လက္ထပ္လိုေၾကာင္း အမ်ိဳးသားသတင္းေခါင္းႀကီးပိုင္းမွာ ေရးသားခဲ့ပါတယ္။ ယူဂန္ဒါရွိ Teso အသိုင္းအဝိုင္း မွခရစ္ယာန္သင္းအုပ္ဆရာရဲ႕ သမီးျဖစ္သူ အန္းဂေရ႕စ္အာဂူတီဟာ ခင္ပြန္း ၃ဦး လက္ထပ္ယူရန္ဆုံးျဖတ္ခဲ့ပါတယ္။ သူမတို႔အသိုင္းအဝိုင္းရဲ႕ ထုံးတမ္းစဥ္လာအရ ေယာက္်ားအမ်ားအျပား နဲ႔ လက္ထပ္ထားတာဟာအျပစ္မဟုတ္ေၾကာင္း ဆိုထားပါတယ္။ အန္းဂေရ႕စ္အာဂူတီဟာ အရင္က သူမရဲ႕ပထမ ခင္ပြန္းသည္ကို အႀကီးအက်ယ္ စိတ္ပ်က္မိၿပီး သူမက “ အိမ္ရွင္မအေနျဖင့္ ကြၽန္မရဲ႕လိုအပ္ခ်က္အားလုံးကို ျဖည့္ဆည္းေပးႏိုင္ၿပီး ႏူးညံ့သိမ္ေမြ႕တဲ့ခင္ပြန္းသည္ ကိုသာလိုခ်င္ခဲ့တယ္ “လို႔ ဆိုခဲ့ပါတယ္။ သို႔ေသာ္ ပထမခင္ပြန္းက လုံးဝအသုံးမက်ေသာေၾကာင့္ သူမကစြန႔္ခြာသြားခဲ့ပါတယ္။ “ ကြၽန္မေယာက္်ားက အသုံးကိုမက်ဘူး။ ကြၽန္မ သူ႔ကို စြန႔္ခြာသြားတဲ့အခ်ိန္မွာ အဲဒီလိုကြၽန္မအေပၚေကာင္းတဲ့ လူတစ္ေယာက္ကို ကြၽန္မရွာခဲ့တယ္၊ ဒါေပမယ့္ ကြၽန္မ မေတြ႕ေသးဘူး၊ ဒါေၾကာင့္ ကြၽန္မရဲ႕ရွာေဖြမႈကို ဆက္လုပ္သြားဦးမွာပါ” လို႔ အာဂူတီ က Sunday Vision သတင္းဌာနမွာ ေျပာၾကားခဲ့ပါတယ္။

ဒါေၾကာင့္လည္း သူမဟာ ေနာက္ထပ္ အမ်ိဳးသားသုံးဦးနဲ႔ လက္ထပ္ခဲ့လိုက္ပါတယ္။ သို႔ေသာ္ အာဂူတီက သူမရဲ႕ ခင္ပြန္းသုံးေယာက္နဲ႔ အတူ ေနမ‌ေနဆိုတာ သူမရဲ႕ ေ႐ြးခ်ယ္မႈျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အာဂူတီရဲ႕ ခင္ပြန္းသုံး ဦး ျဖစ္တဲ့ အၿငိမ္းစားရဲဌာနမုဆိုးဖို ရစ္ခ်တ္အဲလစ္ ၊ အေတာ္ေလးသာယာဝေျပာတဲ့ ေတာင္သူလယ္သမားဂြၽန္ပီတာအိုလူကာ နဲ႔ အႀကီးတန္းဘြဲ႕ မိုက္ကယ္အဲန္ယာကူ တို႔အားလုံးဟာ တဲအိမ္ေျခာက္ မွာ အာဂူတီက ေနထိုင္ေစခဲ့ပါတယ္။ သူတို႔အားလုံးက အစားအစာမ်ားကို အတူတူစားသုံးၿပီး အာဂူတီရဲ႕ၫႊန္ၾကားခ်က္အတိုင္း နာခံရန္ ေျပာဆိုခဲ့ပါတယ္။

သူတို႔သုံးေယာက္စလုံးဟာ သူမရဲ႕အိမ္ေထာင္ ဦးစီးအျဖစ္ သတ္မွတ္ထားခဲ့ပါတယ္။ ထိုျဖစ္စဥ္ရဲ႕ျပႆနာကေတာ့ ရစ္ခ်က္အဲလစ္ နဲ႔ ဂြၽန္ပီတာအိုလူကာ တို႔ႏွစ္ဦးက အာတီဂူရဲ႕ ေျပာဆိုခ်က္ကို ျငင္းဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္မွာ မိုက္ကယ္အဲန္ယာကူကေတာ့ သူမ ေနခိုင္းတဲ့ တဲကိုျပန္ေျပာင္းသြားခဲ့ပါတယ္။ ႏြားထီးမ်ားေရာင္းျခင္းျဖင့္အသက္ေမြးဝမ္းေက်ာင္းျပဳသူ အန္းဂေရ႕စ္အာဂူတီဟာ သူမရဲ႕စတုတၳေျမာက္ကေလး နဲ႔ အတူ ေျခာက္လသား ကိုယ္ဝန္ရွိေနခဲ့ပါတယ္။ မိုက္ကယ္အဲန္ယာကူ က တာဝန္ယူခဲ့ေပမဲ့လည္း ၎ကေလးရဲ႕ဖခင္ဟာ မည္သူဆိုတာမသိခဲ့ေသးပါဘူး။

JRose (KB Chimmy)

Reference : odditycentral

Unicode

ယူဂန်ဒါနိုင်ငံ၊ အူဂူဂါရာ မြို့က အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ် ဦးဟာ သူမရဲ့ပထမအိမ်ထောင်ရေး ပျက်ပြားသွားပြီးနောက် အမျိုးသားသုံး ဦး နဲ့ လက်ထပ်လိုကြောင်း အမျိုးသားသတင်းခေါင်းကြီးပိုင်းမှာ ရေးသားခဲ့ပါတယ်။ ယူဂန်ဒါရှိ Teso အသိုင်းအဝိုင်း မှခရစ်ယာန်သင်းအုပ်ဆရာရဲ့ သမီးဖြစ်သူ အန်းဂရေ့စ်အာဂူတီဟာ ခင်ပွန်း ၃ဦး လက်ထပ်ယူရန်ဆုံးဖြတ်ခဲ့ပါတယ်။ သူမတို့အသိုင်းအဝိုင်းရဲ့ ထုံးတမ်းစဉ်လာအရ ယောက်ျားအများအပြား နဲ့ လက်ထပ်ထားတာဟာအပြစ်မဟုတ်ကြောင်း ဆိုထားပါတယ်။ အန်းဂရေ့စ်အာဂူတီဟာ အရင်က သူမရဲ့ပထမ ခင်ပွန်းသည်ကို အကြီးအကျယ် စိတ်ပျက်မိပြီး သူမက “ အိမ်ရှင်မအနေဖြင့် ကျွန်မရဲ့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ပြီး နူးညံ့သိမ်မွေ့တဲ့ခင်ပွန်းသည် ကိုသာလိုချင်ခဲ့တယ် “လို့ ဆိုခဲ့ပါတယ်။ သို့သော် ပထမခင်ပွန်းက လုံးဝအသုံးမကျသောကြောင့် သူမကစွန့်ခွာသွားခဲ့ပါတယ်။ “ ကျွန်မယောက်ျားက အသုံးကိုမကျဘူး။ ကျွန်မ သူ့ကို စွန့်ခွာသွားတဲ့အချိန်မှာ အဲဒီလိုကျွန်မအပေါ်ကောင်းတဲ့ လူတစ်ယောက်ကို ကျွန်မရှာခဲ့တယ်၊ ဒါပေမယ့် ကျွန်မ မတွေ့သေးဘူး၊ ဒါကြောင့် ကျွန်မရဲ့ရှာဖွေမှုကို ဆက်လုပ်သွားဦးမှာပါ” လို့ အာဂူတီ က Sunday Vision သတင်းဌာနမှာ ပြောကြားခဲ့ပါတယ်။

ဒါကြောင့်လည်း သူမဟာ နောက်ထပ် အမျိုးသားသုံးဦးနဲ့ လက်ထပ်ခဲ့လိုက်ပါတယ်။ သို့သော် အာဂူတီက သူမရဲ့ ခင်ပွန်းသုံးယောက်နဲ့ အတူ နေမ‌နေဆိုတာ သူမရဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဂူတီရဲ့ ခင်ပွန်းသုံး ဦး ဖြစ်တဲ့ အငြိမ်းစားရဲဌာနမုဆိုးဖို ရစ်ချတ်အဲလစ် ၊ အတော်လေးသာယာဝပြောတဲ့ တောင်သူလယ်သမားဂျွန်ပီတာအိုလူကာ နဲ့ အကြီးတန်းဘွဲ့ မိုက်ကယ်အဲန်ယာကူ တို့အားလုံးဟာ တဲအိမ်ခြောက် မှာ အာဂူတီက နေထိုင်စေခဲ့ပါတယ်။ သူတို့အားလုံးက အစားအစာများကို အတူတူစားသုံးပြီး အာဂူတီရဲ့ညွှန်ကြားချက်အတိုင်း နာခံရန် ပြောဆိုခဲ့ပါတယ်။

သူတို့သုံးယောက်စလုံးဟာ သူမရဲ့အိမ်ထောင် ဦးစီးအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ထိုဖြစ်စဥ်ရဲ့ပြဿနာကတော့ ရစ်ချက်အဲလစ် နဲ့ ဂျွန်ပီတာအိုလူကာ တို့နှစ်ဦးက အာတီဂူရဲ့ ပြောဆိုချက်ကို ငြင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ မိုက်ကယ်အဲန်ယာကူကတော့ သူမ နေခိုင်းတဲ့ တဲကိုပြန်ပြောင်းသွားခဲ့ပါတယ်။ နွားထီးများရောင်းခြင်းဖြင့်အသက်မွေးဝမ်းကျောင်းပြုသူ အန်းဂရေ့စ်အာဂူတီဟာ သူမရဲ့စတုတ္ထမြောက်ကလေး နဲ့ အတူ ခြောက်လသား ကိုယ်ဝန်ရှိနေခဲ့ပါတယ်။ မိုက်ကယ်အဲန်ယာကူ က တာဝန်ယူခဲ့ပေမဲ့လည်း ၎င်းကလေးရဲ့ဖခင်ဟာ မည်သူဆိုတာမသိခဲ့သေးပါဘူး။

JRose (KB Chimmy)

About the author

KB Chimmy

Leave a Comment