Lifestyle

တကယ့်အစစ်မှန်လို့တောင် ထင်မှားလောက်စေတဲ့အနုပညာလက်ရာကို ဖန်တီးခဲ့တဲ့ Instagram စူပါစတားမိန်းကလေးတစ်ဦး

Written by KB Chimmy

ယခင်ကျောင်းဆရာမလေးတစ်ဦးဖြစ်ခဲ့တဲ့ ဗန်ကူးဗားအခြေစိုက် Mimi Choi လို့ခေါ်တဲ့ မိန်ကလေးတစ်ဦးဟာ မိတ်ကပ်ပညာရှင်အဖြစ်ပြောင်းလဲခဲ့ပြီး လွန်ခဲ့တဲ့ သုံးနှစ်က မယုံကြည်နိုင်လောက်အောင်ကောင်းပြီး ထင်ယောင်ထင်မှားဖြစ်စေမှုများကြောင့် ဆိုရှယ်မီဒီယာတွေကို အံ့သြစေခဲ့ပါတယ်။ မိတ်ကပ်၊ ခန္ဓာကိုယ်ဆေးသုတ်ခြင်း နဲ့ ပင်ကိုစွမ်းရည်တို့ကို အသုံးပြုပြီး Choi ဟာ ကမ္ဘာတစ်ဝှမ်းရှိသန်း နဲ့ ချီတဲ့လူတွေကို ဆွဲဆောင်စေတဲ့ trompe l’oeil အနုပညာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူမရဲ့အကောင့်တွေဟာ လူကြိုက်များပြီး လူမှုကွန်ယက်မှာလည်း အာရုံစိုက်မှုအရှိဆုံးဖြစ်တဲ့အတွက် သူမဟာ Instagram တစ်ခုတည်းမှာ follower ၁ သန်းကျော် ရှိလာခဲ့ပါတယ်။

သူမစတိုင်လ်ကတော့ သူမရဲ့ကိုယ်ပိုင်မျက်နှာနဲ့ ရေးဆွဲချယ်သတဲ့အနုပညာလက်ရာများမှ သူမရဲ့ခြေလက်များပါဝင်တဲ့ ပိုမိုရှုပ်ထွေးပြီးလက်တွေ့ကျသည့် ဟန်များအဖြစ် ပြောင်းရွှေ့သွားခဲ့တာပါ။ သူမရဲ့ ခြေထောက်ပေါ်တွေမှာ ခြယ်သထားတဲ့ အလွန်စစ်မှန်သော ပေါင်မုန့်ကိုကြည့်ခြင်းအားဖြင့် သူမရဲ့ အနုပညာလက်ရာဟာ အံ့မခန်းပါဘဲ။ နောက်ပြီး Mimi Choi ရဲ့ Instagram အကောင့်မှာလည်း သူမရဲ့ အနုပညာကို လေ့လာနိုင်ပါသေးတယ်။

.

.

.

.

.

.

.

.

JRose (KB Chimmy)

Reference : odditycentral

Zawgyi

ယခင္ေက်ာင္းဆရာမေလးတစ္ဦးျဖစ္ခဲ့တဲ့ ဗန္ကူးဗားအေျခစိုက္ Mimi Choi လို႔ေခၚတဲ့ မိန္ကေလးတစ္ဦးဟာ မိတ္ကပ္ပညာရွင္အျဖစ္ေျပာင္းလဲခဲ့ၿပီး လြန္ခဲ့တဲ့ သုံးႏွစ္က မယုံၾကည္ႏိုင္ေလာက္ေအာင္ေကာင္းၿပီး ထင္ေယာင္ထင္မွားျဖစ္ေစမႈမ်ားေၾကာင့္ ဆိုရွယ္မီဒီယာေတြကို အံ့ၾသေစခဲ့ပါတယ္။ မိတ္ကပ္၊ ခႏၶာကိုယ္ေဆးသုတ္ျခင္း နဲ႔ ပင္ကိုစြမ္းရည္တို႔ကို အသုံးျပဳၿပီး Choi ဟာ ကမာၻတစ္ဝွမ္းရွိသန္း နဲ႔ ခ်ီတဲ့လူေတြကို ဆြဲေဆာင္ေစတဲ့ trompe l’oeil အႏုပညာတစ္ဦး ျဖစ္လာခဲ့ပါတယ္။ သူမရဲ႕အေကာင့္ေတြဟာ လူႀကိဳက္မ်ားၿပီး လူမႈကြန္ယက္မွာလည္း အာ႐ုံစိုက္မႈအရွိဆုံးျဖစ္တဲ့အတြက္ သူမဟာ Instagram တစ္ခုတည္းမွာ follower ၁ သန္းေက်ာ္ ရွိလာခဲ့ပါတယ္။

သူမစတိုင္လ္ကေတာ့ သူမရဲ႕ကိုယ္ပိုင္မ်က္ႏွာနဲ႔ ေရးဆြဲခ်ယ္သတဲ့အႏုပညာလက္ရာမ်ားမွ သူမရဲ႕ေျခလက္မ်ားပါဝင္တဲ့ ပိုမိုရႈပ္ေထြးၿပီးလက္ေတြ႕က်သည့္ ဟန္မ်ားအျဖစ္ ေျပာင္းေ႐ႊ႕သြားခဲ့တာပါ။ သူမရဲ႕ ေျခေထာက္ေပၚေတြမွာ ျခယ္သထားတဲ့ အလြန္စစ္မွန္ေသာ ေပါင္မုန႔္ကိုၾကည့္ျခင္းအားျဖင့္ သူမရဲ႕ အႏုပညာလက္ရာဟာ အံ့မခန္းပါဘဲ။ ေနာက္ၿပီး Mimi Choi ရဲ႕ Instagram အေကာင့္မွာလည္း သူမရဲ႕ အႏုပညာကို ေလ့လာႏိုင္ပါေသးတယ္။

JRose (KB Chimmy)

About the author

KB Chimmy

Leave a Comment