Social Stories

ငါးကြော်ကိုခိုးပြီး ငိုနေတဲ့ကလေးငယ်ကိုကျွေးခဲ့တဲ့ ကြောင်ကလေး (ရုပ်သံ)

Written by KB Chimmy

ကြောင်လေးတွေက တစ်ခါတစ်လေသူတို့လေးတွေ သခင်အပေါ်ဘယ်လောက်သိတတ်လည်းဆိုတာပြဖို့ အိမ်ကိုပစ္စည်းတွေ ၊ အင်ဆက်အကောင်လေးတွေ ချီလာလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း မလေးရှားနိုင်ငံက Robert အမည်ရှိတဲ့ကြောင်လေးကတော့ သခင်ဖြစ်သူရဲ့ကလေးငယ်ကို အငိုတတတ်အောင်ချော့ဖို့ တစ်ခြားနည်းလမ်းသုံးခဲ့ပါတယ် ။ အဲတာကတော့ ကြောင်လေးဟာ ငါးကြော်လေးကိုခိုးပြီး ကလေးငယ်ကိုသွားကျွေးခဲ့တာပါပဲ ။ အဆိုပါအဖြစ်အပျက်ကို ကြောင်လေးရဲ့သခင်က ကလေးငယ် Johan နဲ့ ကြောင်လေး Robert အကြား သံယောဇဉ်ဘယ်လောက်ခိုင်မာလည်းဆိုတာကို Twitter မှာ ဝေမျှခဲ့ပါတယ် ။

‘ Johan က ကလေးပဲရှိသေးလို့ မာတဲ့အစာတွေ စားလို့မရသေးပါဘူး ၊ အဲတာကို Robert က ငါးကြော်ကျွေးဖို့ ကြိုးစားနေရှာတယ် ‘ ဆိုပြီးတော့ ရေးသားထားခဲ့ပါတယ် ။ ‘ ပြီးတော့ Robert က သူ့ဟာသူ ငါးကြော်စားချင်နေတာဖြစ်မယ် ‘ ဆိုပြီးတော့လည်း ရေးသားထားခဲ့ပါသေးတယ် ။

Robert လိုကြောင်လေးမျိုးပိုင်ဆိုင်ထားနိုင်ရင်တော့ ဘယ်လောက်ပဲ ပင်ပန်းပြီးစိတ်ဆင်းရဲနေပါစေ ၊ စိတ်အပန်ဖြေမှုကို အပြည့်ပေးနိုင်မဲ့ ကြောင်လေးပါပဲ ။

Jasmine (Mckzone Daily)

Zawgyi

ေၾကာင္ေလးေတြက တစ္ခါတစ္ေလသူတို႔ေလးေတြ သခင္အေပၚဘယ္ေလာက္သိတတ္လည္းဆိုတာျပဖို႔ အိမ္ကိုပစၥည္းေတြ ၊ အင္ဆက္အေကာင္ေလးေတြ ခ်ီလာေလ့႐ွိၾကပါတယ္ ။ သို႔ေပမဲ့လည္း မေလး႐ွားႏိုင္ငံက Robert အမည္႐ွိတဲ့ေၾကာင္ေလးကေတာ့ သခင္ျဖစ္သူရဲ႕ကေလးငယ္ကို အငိုတတတ္ေအာင္ေခ်ာ့ဖို႔ တစ္ျခားနည္းလမ္းသံုးခဲ့ပါတယ္ ။ အဲတာက​ေတာ့ ေၾကာင္ေလးဟာ ငါးေၾကာ္ေလးကိုခိုးၿပီး ကေလးငယ္ကိုသြားေကြၽးခဲ့တာပါပဲ ။ အဆိုပါအျဖစ္အပ်က္ကို ေၾကာင္ေလးရဲ႕သခင္က ကေလးငယ္ Johan နဲ႔ ေၾကာင္ေလး Robert အၾကား သံေယာဇဥ္ဘယ္ေလာက္ခိုင္မာလည္းဆိုတာကို Twitter မွာ ေဝမ်ွခဲ့ပါတယ္ ။

‘ Johan က ကေလးပဲ႐ွိေသးလို႔ မာတဲ့အစာေတြ စားလို႔မရေသးပါဘူး ၊ အဲတာကို Robert က ငါးေၾကာ္ေကြၽးဖို႔ ႀကိဳးစားေန႐ွာတယ္ ‘ ဆိုၿပီးေတာ့ ေရးသားထားခဲ့ပါတယ္ ။ ‘ ၿပီးေတာ့ Robert က သူ႔ဟာသူ ငါးေၾကာ္စားခ်င္ေနတာျဖစ္မယ္ ‘ ဆိုၿပီးေတာ့လည္း ေရးသားထားခဲ့ပါေသးတယ္ ။

Robert လိုေၾကာင္ေလးမ်ိဳးပိုင္ဆိုင္ထားႏိုင္ရင္ေတာ့ ဘယ္ေလာက္ပဲ ပင္ပန္းၿပီးစိတ္ဆင္းရဲေနပါေစ ၊ စိတ္အပန္ေျဖမႈကို အျပည့္ေပးႏိုင္မဲ့ ေၾကာင္ေလးပါပဲ ။

Jasmine (Mckzone Daily)

About the author

KB Chimmy

Leave a Comment