Social Stories

အမေက ချစ်သူထားစေချင်ပေမဲ့ ကောင်မလေးမရှိတဲ့အတွက် Photoshop နဲ့ ရည်စားရှိကြောင်း အမေ့ကိုလှည့်စားလိုက်တဲ့ ကောင်လေး

Written by KB Chimmy

သားသမီးတွေကို အချစ်နဲ့ ပတ်သက်ဖို့ တားမြစ်လေ့ရှိတဲ့ မိဘတွေအပြင် သားသမီးတွေကို တစ်စုံတစ်ယောက်နဲ့ အမြဲသိစေချင်တဲ့ မိဘတွေလည်း ရှိပါတယ် ။ မိဘများ မကြာခဏ ဂရုစိုက်လေ့ရှိတဲ့ သားသမီးများရဲ့ ပြဿနာများထဲမှ တစ်ခုမှာ အချစ်ဖြစ်ပါတယ် ။ မိဘတွေက သားသမီးကို ငယ်ငယ်ကဆိုရင် စာကျက်ဖို့ပဲ အာရုံစိုက်စေချင်တယ် ၊ သားသမီးတွေကို စောစောမချစ်စေချင်ကြပေမယ့် အသက်ကြီးလာလေတဲ့ချိန်ဆိုရင်တော့ ချစ်သူရှိဖို့ တိုက်တွန်းလာလေလေပါပဲ ။

သင်ဟာ ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ကြီးပြင်းလာတာနဲ့အမျှ “နင့်မှာ ချစ်ရတဲ့သူရှိပြီလား” ဆိုတဲ့ မေးခွန်းများနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် ။ ဒါ့အပြင် “ဘယ်တော့ လက်ထပ်မှာလဲ? ” ဆိုပြီး မေးလာတဲ့အခါ တစ်ကိုယ်ရေဖြစ်နေသေးတဲ့ လူငယ်တွေကို စိတ်ရှုပ်စေပြီး ဖြေရှင်းဖို့ နည်းလမ်းတွေကို ရှာဖွေစေပါတယ် ။ မကြာသေးမီက ဒီဇိုင်နာအသိုင်းအဝိုင်းအတွက် ဖိုရမ်တစ်ခုမှာ Kuroba Kaito ဆိုတဲ့ အကောင့်တစ်ခုက သူ့မိခင်ဟာ သူ့ကိုချစ်သူထားစေလိုတဲ့ဆန္ဒကို ကိုင်တွယ်ဖြေရှင်းရန် Photoshop နဲ့ အသုံးပြုပုံကို မျှဝေခဲ့ပါတယ် ။

ကောင်လေးက သူ့မိခင်ကို ပြသရန် သူ့ရဲ့ပုံကို မိန်းကလေးလိုပြင်ပြီး သူရဲ့ချစ်သူကောင်မလေးဆိုပြီး အမေ့ကို လှည့်စားခဲ့ပါတယ် ။ အချိန်တိုအတွင်း အဆိုပါပို့စ်တင်ပြီးနောက်၊ အပြန်အလှန်တုံ့ပြန်မှု ထောင်ပေါင်းများစွာဖြင့် အွန်လိုင်းအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိခဲ့ပါတယ် ။ လူအများစုက သူ့အရည်အချင်းကို အသိအမှတ်ပြုကြပြီး အချို့က အဆိုပါနည်းလေးကို clip နဲ့ ဝေမျှပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါသေးတယ် ။

JRose (KB Chimmy one)

Reference : bestie

Zawgyi

သားသမီးေတြကို အခ်စ္နဲ႔ ပတ္သက္ဖို႔ တားျမစ္ေလ့ရွိတဲ့ မိဘေတြအျပင္ သားသမီးေတြကို တစ္စုံတစ္ေယာက္နဲ႔ အၿမဲသိေစခ်င္တဲ့ မိဘေတြလည္း ရွိပါတယ္ ။ မိဘမ်ား မၾကာခဏ ဂ႐ုစိုက္ေလ့ရွိတဲ့ သားသမီးမ်ားရဲ႕ ျပႆနာမ်ားထဲမွ တစ္ခုမွာ အခ်စ္ျဖစ္ပါတယ္ ။ မိဘေတြက သားသမီးကို ငယ္ငယ္ကဆိုရင္ စာက်က္ဖို႔ပဲ အာ႐ုံစိုက္ေစခ်င္တယ္ ၊ သားသမီးေတြကို ေစာေစာမခ်စ္ေစခ်င္ၾကေပမယ့္ အသက္ႀကီးလာေလတဲ့ခ်ိန္ဆိုရင္ေတာ့ ခ်စ္သူရွိဖို႔ တိုက္တြန္းလာေလေလပါပဲ ။

သင္ဟာ ေယာက္်ားေလးျဖစ္ေစ မိန္းကေလးျဖစ္ေစ ႀကီးျပင္းလာတာနဲ႔အမွ် “နင့္မွာ ခ်စ္ရတဲ့သူရွိၿပီလား” ဆိုတဲ့ ေမးခြန္းမ်ားနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္ ။ ဒါ့အျပင္ “ဘယ္ေတာ့ လက္ထပ္မွာလဲ? ” ဆိုၿပီး ေမးလာတဲ့အခါ တစ္ကိုယ္ေရျဖစ္ေနေသးတဲ့ လူငယ္ေတြကို စိတ္ရႈပ္ေစၿပီး ေျဖရွင္းဖို႔ နည္းလမ္းေတြကို ရွာေဖြေစပါတယ္ ။ မၾကာေသးမီက ဒီဇိုင္နာအသိုင္းအဝိုင္းအတြက္ ဖိုရမ္တစ္ခုမွာ Kuroba Kaito ဆိုတဲ့ အေကာင့္တစ္ခုက သူ႔မိခင္ဟာ သူ႔ကိုခ်စ္သူထားေစလိုတဲ့ဆႏၵကို ကိုင္တြယ္ေျဖရွင္းရန္ Photoshop နဲ႔ အသုံးျပဳပုံကို မွ်ေဝခဲ့ပါတယ္ ။

ေကာင္ေလးက သူ႔မိခင္ကို ျပသရန္ သူ႔ရဲ႕ပုံကို မိန္းကေလးလိုျပင္ၿပီး သူရဲ႕ခ်စ္သူေကာင္မေလးဆိုၿပီး အေမ့ကို လွည့္စားခဲ့ပါတယ္ ။ အခ်ိန္တိုအတြင္း အဆိုပါပို႔စ္တင္ၿပီးေနာက္၊ အျပန္အလွန္တုံ႔ျပန္မႈ ေထာင္ေပါင္းမ်ားစြာျဖင့္ အြန္လိုင္းအသိုင္းအဝိုင္းရဲ႕ အာ႐ုံစိုက္မႈကို လ်င္ျမန္စြာ ရရွိခဲ့ပါတယ္ ။ လူအမ်ားစုက သူ႔အရည္အခ်င္းကို အသိအမွတ္ျပဳၾကၿပီး အခ်ိဳ႕က အဆိုပါနည္းေလးကို clip နဲ႔ ေဝမွ်ေပးဖို႔ကိုလည္း ေတာင္းဆိုခဲ့ၾကပါေသးတယ္ ။

JRose (KB Chimmy one)

About the author

KB Chimmy

Leave a Comment