Social Stories

မြို့ပြမှထွက်ခွာပြီး ကျေးလက်မှာ အိမ်ငယ်လေးကို မြေနဲ့ ဆောက်လုပ်ပြီး ရိုးရှင်းတဲ့ဘဝကို နေထိုင်လိုကြတဲ့ ဇနီးမောင်နှံနှစ်ဦး

Written by KB Chimmy

မစ္စတာ Tran Bao Tan နဲ့ Long An မှ အသက် 30 နှစ်အရွယ် ဇနီး Thuy My တို့ဟာ ဟိုချီမင်းမြို့မှာ 10 နှစ်ကြာ နေထိုင်ပြီး အလုပ်လုပ်ခဲ့ကြပါတယ် ။ သူ့ဆန္ဒကတော့ သာယာလှပတဲ့ အိမ်ကလေးတစ်လုံး၊ ဇနီး၊ သားသမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တာပါ ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူဟာ မိမိလက်ဖြင့် အိမ်ဆောက်ပြီး ပျော်ရွှင်အေးချမ်းတဲ့ ဘဝနေထိုင်ရန် ဇာတိမြို့သို့ ပြန်သွားရန် စိတ်ကူးပေါ်လာခဲ့ပါတယ် ။

သူ့မွေးရပ်မြေကို ပြန်ရောက်တဲ့အခါ သူနဲ့ သူ့မိန်းမက ပိုက်ဆံ သိပ်မရှိတာကြောင့် သူတို့အဘိုး ထားခဲ့တဲ့မြေမှာနေဖို့ အသုံးစရိတ်ကို အသက်သာဆုံးနည်းဖြင့် စီစဉ်ခဲ့ပါတယ် ။ သူတို့ဇနီးမောင်နှံဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ မြေကြီးပေါ်မှ အိမ်တစ်လုံးဆောက်ခြင်း၊ နေ့စဥ်ဘဝနေထိုင်မှုပုံစံများကို မှတ်တမ်းတင်ပြခဲ့ပါတယ် ။

မစ္စတာ Tan နဲ့ မစ္စစ် Thuy တို့က နေ့တိုင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချရန်နဲ့ အိမ်ဆောက်ရန် ၂ နာရီမှ ၃ နာရီခန့် အချိန်ပေးပြီး ညနေပိုင်းမှာ အင်္ဂလိပ်စာကို အခမဲ့သင်ပေးပါတယ် ။ 4 လကြာပြီးနောက် အိမ်က 70% ပြီးစီးပြီး သေချာစေရန်အလုပ်သမားများကို ငှားရမ်းကာ အိမ်က နောက်ဆုံးတော့ ပြီးသွားပါတယ် ။ မြေနဲ့လုပ်ထားပြီး အိမ်က အရမ်းရိုးရှင်းပေမဲ့ သူနဲ့ သူ့ဇနီးက အဲဒါကို တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုလို့ မှတ်ယူပါတယ် ။

.

.

.

.

JRose (KB Chimmy one)

Reference : bestie

Zawgyi




JRose (KB Chimmy one)

About the author

KB Chimmy

Leave a Comment