Social Stories

အနေအေးပြီး စကားနည်းတဲ့အတွက်ကြောင့် ချစ်သူကောင်မလေးအား ဂိမ်းထဲကနေ ရိုမန့်တစ်ဆန်စွာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ gamer တစ်ဦး (ရုပ်သံ)

Written by KB Chimmy

အရာအားလုံးကို ပြင်ဆင်ရန် တစ်လခန့် အချိန်ယူခဲ့ရပေမဲ့လည်း “အလွန်အမင်း Introvert ဖြစ်လွန်းတဲ့ ” gamer တစ်ဦးဟာ ၎င်းတို့စုံတွဲရဲ့အကြိုက်ဆုံးဂိမ်းထဲကနေ ချစ်သူကောင်မလေးအား လက်ထပ်ခွင့်တောင်းခဲ့ပြီး စိတ်လှုပ်ရှားနေတဲ့အင်တာနက်အသုံးပြုသူများစွာက ၎င်းကို အလွန်ချစ်စရာကောင်းတယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ Gamer တော်တော်များများက ၎င်းတို့ရဲ့ချစ်သူရည်းစားတွေကို လက်ထပ်ဖို့ ဘယ်လိုနည်းနဲ့ အဆိုပြုတတ်ကြလဲဗျာ ။ ဖိလစ်ပိုင်နိုင်ငံ၊ La Union ပြည်နယ်မှာရှိတဲ့ အမျိုးသားတစ်ဦးကတော့ သူ့ရဲ့ချစ်သူကောင်မလေးကို ဂိမ်းထဲကနေ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ အဆိုပါ Jerome Javillonar အမည်ရှိအမျိုးသားနဲ့ သူ့ရဲ့ ချစ်သူ Ronica Pilar Mejica Cabansag တို့ဟာ အခုဆို သုံးနှစ်နီးပါး လက်တွဲလာခဲ့ကြတာဘဲဖြစ်ပါတယ်။

.

Ronica ၏အဆိုအရ သူမရဲ့ချစ်သူဟာ စကားနည်းပြီး အနေအေးတဲ့ Introvert ဆန်လွန်းသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ Ronica ဟာ အခန်းတစ်ခုကိုဖွင့်ကြည့်လိုက်တော့ မီးလုံးတွေနဲ့ မီးပုံးပျံတွေကိုမြင်လိုက်ရတော့ သူမဟာ ချက်ချင်းကြီး အံ့အားသင့်စရာတစ်ခုခုဖြစ်တော့မှာကို စိတ်လှုပ်ရှားစွာ သိသွားခဲ့ပါတယ်။ “ သူ့အခန်းကိုဖွင့်လိုက်တော့ မီးလုံးတွေနဲ့ မီးပုံးပျံတွေထွက်လာတယ်။ ခံစားချက်တွေ ရောထွေးနေခဲ့တယ်။ တစ်ချိန်တည်းမှာ ငိုမရရယ်မရဖြစ်ပြီး တံခါးဖွင့်ရမှာ ကြောက်နေခဲ့တယ် ၊ ” လို့ Ronica က ပြန်လည်ပြောပြခဲ့ပါတယ်။ ထို့ပြင် သူမ အခန်းထဲဝင်သွားပြီး ဂိမ်းဗီဒီယိုတစ်ခုကိုကြည့်လိုက်တဲ့အခါ “ သူက ဂိမ်းထဲမှာ အတားအဆီးတွေနဲ့ ဝင်္ကပါတွေကို ဖန်တီးပြီး သူပြောချင်တာကို ရေးထားခဲ့တယ်။

.

တီထွင်ဖန်တီးမှုဆိုတာကလည်း ခက်တယ်မဟုတ်လားနော် ။ ပြီးတော့ သူက ဂိမ်းဆိုင်မှာ ပစ္စည်းတွေ၀ယ်ဖို့ လိုအပ်တဲ့အတွက်ကြောင့် အဲ့လိုနည်းနဲ့လက်ထက်ခွင့်တောင်းဖို့ ၁ လကျော်လောက် အချိန်ယူခဲ့ရတယ်လို့တောင် ပြောခဲ့သေးတယ်။” လို့လည်း Ronica က ထပ်မံပြောကြားခဲ့ပါတယ်။ ချစ်သူကောင်လေးက gamer တစ်ဦးဖြစ်ပြီး “အလွန်အမင်း Introvert” ဆန်တဲ့အတွက်ကြောင့် သူမက ဂိမ်းနဲ့လက်ထပ်ခွင့်တောင်းမဲ့အဆိုပြုချက်ကို ကြိုမျှော်လင့်ထားနိုင်တယ်လို့ အချို့က ဆိုခဲ့ကြပေမဲ့လည်း စိတ်လှုပ်ရှားနေသူအချို့ကတော့ ၎င်းကို ချစ်​ဖို့ကောင်းတယ်လို့ထင်​​နေကြတုန်းပါဘဲ။

.

ဂိမ်းပွဲအဆုံးမှာတော့ Jerome က ” Will you be my wife ” လို့အဓိပ္ပါယ်ရတဲ့ စာသားဖြင့် အဆုံးသတ်ကာ Ronica အား ရိုမန်တစ်ဆန်စွာ လက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ်။ ကျေးဇူးတင်စွာနဲ့ဘဲ Ronica ကလည်း ” yes ” လို့ အဖြေတန်းပေးလိုက်ပါတော့တယ်။ “ ကျွန်မတို့နှစ်ယောက်အကြိုက်ဆုံးအွန်လိုင်းဂိမ်းက Genshin Impact ဖြစ်လို့ သူက အဲ့ဂိမ်းထဲကနေ အဆိုပြုခဲ့ပုံရတယ်” လို့ စပရိုက်တိုက်ခံခဲ့ရတဲ့ Ronica က နောက်ပိုင်းမှာ ထပ်မံပြောကြားခဲ့ပါတယ်။

၎င်းတို့ချစ်သူစုံတွဲဟာ ဒီနှစ်မှာ လက်ထပ်တော့မှာဖြစ်ပြီး ကျွန်တော်တို့ထင်ထားသလို ၎င်းတို့ရဲ့မင်္ဂလာပွဲကလည်း ဂိမ်းအပြင်အဆင်နဲ့ ခမ်းနားထည်ဝါနေမဲ့မင်္ဂလာပွဲဖြစ်နေမှာ အသေအချာပါဘဲ။

JRose (KB Chimmy One)

Reference : rachwed

About the author

KB Chimmy

Leave a Comment