Social Stories

မျက်မမြင်သူငယ်ချင်းလေးကို ကာကွယ်ပေးပြီး လမ်းပြကူညီပေးသူအဖြစ် အမြဲအသင့်ရှိနေပေးတဲ့ ချစ်စဖွယ်ခွေးလေး (ရုပ်သံ)

Written by KB Chimmy

Cheshire Fire and Rescue ကယ်ဆယ်ရေးစင်တာမှာ မွေးဖွားခဲ့တဲ့ မွေးရာပါမျက်မမြင်တဲ့ Amos အမည်ရှိခွေးတစ်ကောင်ကို Jess Martin အမည်ရှိစေတနာ့ဝန်ထမ်းအမျိုးသမီးတစ်ဦးက စောင့်ရှောက်ရန် ဆုံးဖြတ်လိုက်တဲ့အခါ Amos လေးရဲ့ဘဝက ပြောင်းလဲသွားခဲ့ပါတယ်။ Jess က တိရိစ္ဆာန်လေးတွေကို အလွန်ချစ်မြတ်နိုးသူဖြစ်ပြီး Amos လေးနှင့် ပထမဆုံးအကြိမ်တွေ့တော့ Amos လေးရဲ့အပြစ်ကင်းစင်တာကို ချစ်မိသွားခဲ့ကြောင်း ဆိုပါတယ်။ လူတိုင်းက မျက်မမြင် Amos လေးကို လျစ်လျူရှုလိုက်တဲ့အခါ၊ Jess က Amos အတွက် ထာဝရအိမ်ရှာမတွေ့မချင်း သူ့ကို မွေးစားပေးဖို့သာ ဆုံးဖြတ်ခဲ့တာပါ။

.

ဒါပေမယ့် Amos လေးရဲ့ယာယီနေထိုင်မှုက ရေရှည်ကတိကဝတ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ Jess ရဲ့တစ်ခုတည်းသောစိုးရိမ်မှုက Toby အမည်ရှိသူမခွေးလေးတစ်ကောင်က မိသားစုဝင်အသစ် Amos နှင့်တွေ့ဆုံတဲ့အခါမှာ ဘယ်လိုတုံ့ပြန်ပြုမူမှာကိုပါဘဲ။ ဒါပေမယ့် Jess က ၎င်းခွေးလေးနှစ်ကောင်က အခုလို ပေါင်းသင်းဆက်ဆံရေး ကောင်းလိမ့်မယ်လို့တောင် မထင်ထားခဲ့မိပါဘူး။ တကယ်တော့ Toby လေးက Amos ကို လက်ခံပေးရုံသာမက သူ့ကိုယ်သူ မျက်မမြင်ခွေးလေးရဲ့လမ်းပြအဖြစ် ပြောင်းလဲခဲ့ပြီး အခုတော့ ကမ္ဘာကြီးကိုစူးစမ်းဖို့ သူ့အစ်ကိုကို ကူညီပေးနေပါပြီ။

.

” အစကတော့ Toby က Amos ကို ကြိမ်ဖန်များစွာ မာန်ဖီပြီးဟောက်နေခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာတော့ Amos က သူ့ပန်းကန်ကို ရှာမတွေ့တာကို မြင်လိုက်ရလို့ Toby က Amos အတွက် ပန်းကန်ဆွဲထုတ်ပေးခဲ့တယ် ” လို့ Jess က ဆိုခဲ့ပါတယ်။ Amos က အခြားခွေးများနှင့် မိတ်ဖွဲ့ရန် ရုန်းကန်နေရပေမဲ့လည်း Toby လေးနဲ့တော့ ခင်မင်ရင်းနှီးမှုတိုးတက်လာခဲ့ပြီး Amos အတွက် Toby လေးက သူငယ်ချင်းထက်ပိုလာခဲ့ပါတယ်။ နောက်ပိုင်းမှာ သေးငယ်တဲ့ Toby လေးဟာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကိုကာကွယ်ဖို့ အမြဲကြိုးစားနေပြီး Amos ကလည်း ကမ္ဘာပေါ်မှာ ရန်လိုလွန်းတဲ့ Toby လေးအတွက် နှစ်သိမ့်မှုပေးစွမ်းနေပါတယ်။

.

ခုတော့ Toby လေးက Amos အတွက် ပန်းကန်ရှာဖွေရန် ကူညီပေးခဲ့တဲ့အပြင် Amos ကမ္ဘာကြီးကို စူးစမ်းလေ့လာရန်အတွက်လည်း ကူညီပေးနေပါတယ်။ “ တခြားခွေးများက Amos လေး သူတို့ဆီ ချဉ်းကပ်တဲ့အခါ မကြိုက်ဘူးဆိုတာ သိသာနေတတ်တယ်၊ Amos လေးက ဒီလိုပဲ အဆက်အသွယ်လုပ်လို့မရတဲ့အတွက် သူ့မှာ တခြားသူငယ်ချင်းတွေ မရှိပါဘူး။ ဒါပေမယ့် Toby လေးက သူ့ကိုကာကွယ်ဖို့ အမြဲ အသင့်ရှိနေတယ်၊ ကျွန်မတို့က သူ့ကို သူ့ရဲ့သက်တော်စောင့်လို့တောင် အမည်ပေးထားရတယ် ” လို့ Jess က ထပ်မံ ပြောကြားခဲ့ပါသေးတယ် ။

Mia (KB Chimmy One)

Reference : 3lstories

About the author

KB Chimmy

Leave a Comment