Social Stories

လူကြိုက်များကျော်ကြားတဲ့ကာတွန်းရုပ်ရှင်ဇာတ်ကားထဲက နဂါးကောင်နှင့်ရုပ်ချင်းဆင်တူတဲ့ ရှားပါးဌက်တစ်မျိုး

Written by KB Chimmy

ဒီ Great eared nightjar အမည်ရှိ Lyncornis macrotis ငှက်မျိုးစိတ်ဟာ အာရှအရှေ့တောင်ဘက်၌သာ တွေ့ရလေ့ရှိတဲ့ ညအချိန်မှအစာရှာထွက်တဲ့ငှက်မျိုးဘဲဖြစ်ပါတယ်။ ဒီငှက်တွေမှာ အမျိုးအစားခွဲငါးမျိုးရှိပြီး ၎င်းမှာ Lyncornis macrotis ၊ Lyncornis macrotis cerviniceps ၊ Lyncornis macrotis bourdilloni ၊ Lyncornis macrotis jacobsoni နှင့် Lyncornis macrotis macropterus မျိုးစိတ်တို့ဘဲဖြစ်ပါတယ်။ ထို Lyncornis macrotis အမျိုးအစားခွဲငါးမျိုးဟာ အသီးသီးကွဲပြားကြသလို ၎င်းတို့တည်နေရာကလည်း ကွဲပြားပါတယ်။ ဒီ Great eared nightjar ငှက်မျိုးဟာ အလွန်ထူးခြားတဲ့အသွင်အပြင်ရှိသော မျိုးစိတ်တစ်ခုဖြစ်ပြီး ၎င်းတို့မှာ သန်မာတဲ့အတောင်ပံများပါရှိတာကြောင့် ၎င်းတို့က လျင်မြန်စွာ ပျံသန်းနိုင်တယ်လို့လည်း ယူဆနိုင်ပါတယ်။

.

ထို့အပြင်၊ ၎င်းတို့က ပျံသန်းနေစဉ်အတွင်း ၎င်းတို့ရဲ့ သားကောင်များကို ဖမ်းယူနိုင်ပြီး ၎င်းတို့ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုသက်သေထူစေပါတယ်။ ၎င်းတို့ရဲ့ပျံသန်းမှုက တိတ်ဆိတ်ပြီး လျှောခနဲပျံသန်းတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီငှက်တွေဟာ သဘာဝရှိ အသားများနှင့် မတူညီတဲ့ အင်းဆက်များကို ကျက်စားပြီး ၎င်းတို့ရဲ့ အင်းဆက်အစားအသောက်များမှာ ပိုးဖလံ ၊ ခြ နှင့် ပိုးတောင်မာကောင်တွေပါဘဲ။

.

Great eared nightjar ငှက်များရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အညို သို့မဟုတ် သစ်ကြံပိုးခေါက်ရောင် အစက်အပြောက်များပါရှိပြီး အောက်ပိုင်းမှာတော့ အညိုရောင်အတားအဆီးအမှတ်အသားများဖြင့် အမွေးအမှင်များရှိပါတယ်။

.

ဒီမျိုးစိတ်ရဲ့နောက်ထပ်စိတ်ဝင်စားဖွယ် အင်္ဂါရပ်မှာ နားရွက်နှင့်တူတဲ့ ၎င်းတို့ရဲ့ဦးခေါင်းပေါ်ရှိ အမွေးအဖုများဘဲဖြစ်ပါတယ်။ ထိုအမွေးအတောင်များရဲ့အရောင်က မျိုးကွဲများပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ယေဘုယျအားဖြင့် ၎င်းတို့က မြစ်များအနီးမှာ နေထိုင်ကြတဲ့အပြင် ၎င်းတို့ရဲ့နေထိုင်ရာဒေသက အပူပိုင်းရာသီဥတုများဘဲ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့မျိုးစိတ်များပေါ်မူတည်ပြီး ၎င်းတို့ရဲ့တည်နေရာမျိုးပွားရာသီ ကွဲပြားပါတယ်။ ဥပမာအားဖြင့် အိန္ဒိယတောင်ပိုင်းမှာ ထိုငှက်မျိုးပွါးရာသီက ဇန်နဝါရီလမှ မေလအထိဖြစ်ပြီး အမများက ဥတစ်လုံးတည်းသာ ဥလေ့ရှိပြီး ဥက ဘဲဥပုံသဏ္ဍာန်ရှိကြောင်း သိရှိရပါတယ်။

.

ဒါပေမဲ့ Great eared nightjar ငှက်ကြီးရဲ့သက်တမ်းကိုတော့ အတိအကျမသိရသေးပေမဲ့လည်း ဥရောပရှိထိုငှက်မျိုးစိတ်တစ်မျိုးရဲ့ သက်တမ်းမှာ ၁၂ နှစ် ဖြစ်ပါတယ်။ ၎င်းတို့မျိုးစိတ်နှစ်ခုက မိသားစုတစ်စုတည်းဖြစ်တာကြောင့် Great eared nightjar ဌက်ကလည်း အလားတူ တူညီတဲ့သက်တမ်းရှိတာကို အတိအကျသိနိုင်ပါတယ်။ ဒီငှက်မျိုးစိတ်များက လူသားများကို အန္တရာယ်ဖြစ်စေလား ၊ မဖြစ်စေလားကိုတော့ မသိရှိရသေးပါဘူး။

.

.

ကြက်တူရွေးများနှင့်မတူဘဲ ဒီငှက်မျိုးများက အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးရန်မသင့်တော်သလို ၎င်းတို့ရဲ့ ညအချိန်မှ အစားရှာထွက်တဲ့အလေ့အထတွေကြောင့် ၎င်းတို့က တောထဲ၌သာ နေထိုင်ရန် ပိုသင့်တော်ပါတယ်။ ထို့ပြင် ဒီဌက်များက နာမည်ကြီးကာတွန်းရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ How To Train Your Dragon ” ထဲက ဇာတ်ကောင်မင်းသားရဲ့နဂါးကောင်နှင့်လည်း ဆင်တူတယ်လို့လည်း နာမည်ကြီးပါတယ်။

Mia (KB Chimmy One)

Reference : worldnewsroom

About the author

KB Chimmy

Leave a Comment