Social Stories

အနုပညာရှင်တစ်ဦးမှ သစ်သားများဖြင့် အနုစိတ်ထွင်းထုထားသည့် သက်ရှိအလား အံ့မခန်း ပန်းပုရုပ်တုများ

Written by KB Chimmy

အီတလီ အနုပညာရှင်တစ်ဦးဖြစ်တဲ့ Peter Demetz ဟာ သူ၏ မယုံနိုင်စရာ လက်ဖြင့် ထွင်းထုထားသော သာမန်သစ်သားများကို အသက်ဝင်စေခဲ့ပါတယ်။ အရပ် လက်မ 20 ခန့်မှ 50 လက်မနီးပါးအထိ အရွယ်အစားကွဲပြားသည့် ပန်းပုများမှာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများဟာ ရိုးစင်းပြီး တစ်ခါတစ်ရံ အရောင်ရှိသော နောက်ခံနှင့် ဆန့်ကျင်ဘက်အနေအထားတွင် ရပ်နေကြသည့် ပန်းပုရုပ်တုများဖြစ်ပါတယ်။ Demetz ၏လူ့ခန္ဓာအသေးစိတ်အချက်အပေါ်အာရုံစူးစိုက်မှုဟာ အံ့ဩဖွယ်ကောင်းလှပါတယ်။ သူဟာ အဝတ်အစားရှိ အခေါက်ရာသေးသေးလေးတွေအစ ပုံဖော်နိုင်ပြီး တွဲကျနေတဲ့ ဆံပင်ပျော့ပျော့လေးတွေကိုလည်း အသေးစိတ်ပုံဖော်နိုင်သလို ၊ဤရုပ်တုများဟာ အမှန်တကယ် အသက်ရှိ တည်ရှိနေသည်ဟု သင်ထင်မြင်သွားနိုင်လောက်အောင် လူ့ခန္ဓာဗေဒကို ကောင်းစွာ သတ်မှတ် ထွင်းထုနိုင်ပါတယ် ။

သူ့လက်ရာ၏ ရင်သပ်ရှုမောဖွယ် စေ့စပ်သေချာမှုအပြင်၊ Demetz ၏ ဤပန်းပုများဟာ စိတ်ကူးစိတ်သန်း ဆန်းကြယ်ပါတယ်။ မြေပြင်ကို စိုက်ကြည့်နေရင်း ရုပ်တုများရဲ့ကြောပြင်တွေဟာ ကျွန်တော်တို့အား ဝေးကွာစေသလိုခံစားရစေပြီး ၎င်းတို့ဟာ ဝမ်းနည်းနေတာမဟုတ်ပေမဲ့လည်း ၊ ၎င်းတို့ရဲ့ ခန္ဓာကိုယ်ဘာသာစကားဟာ တောင့်တခြင်း၊ ဆုံးရှုံးခြင်း သို့မဟုတ် အချိန်တိုအတွင်း စိတ်ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ရလဒ်အနေဖြင့်၊ Demetz ၏လက်ရာများဟာ ပြင်းထန်တယ်ဟု ခံစားရစေပါတယ်။ ဒီတော့ စိတ်ကိုအေးချမ်းတည်ငြိမ်သွားစေအောင် အနုပညာအမြင်ဖြင့် ၊ ကိုယ်တိုင်လက်ဖြင့် သစ်သားများမှ ထွင်းထုလုပ်ထားတဲ့ Demetz ရဲ့အသက်ဝင်နေပုံတူတဲ့ပန်းပုလက်ရာများကိုလည်း ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးဗျာ ။

.

.

.

.

.

JRose (KB Chimmy One)

Reference : mymodernmet

Zawgyi

အီတလီ အႏုပညာရွင္တစ္ဦးျဖစ္တဲ့ Peter Demetz ဟာ သူ၏ မယုံႏိုင္စရာ လက္ျဖင့္ ထြင္းထုထားေသာ သာမန္သစ္သားမ်ားကို အသက္ဝင္ေစခဲ့ပါတယ္။ အရပ္ လက္မ 20 ခန႔္မွ 50 လက္မနီးပါးအထိ အ႐ြယ္အစားကြဲျပားသည့္ ပန္းပုမ်ားမွာ အမ်ိဳးသား၊ အမ်ိဳးသမီးႏွင့္ ကေလးမ်ားဟာ ႐ိုးစင္းၿပီး တစ္ခါတစ္ရံ အေရာင္ရွိေသာ ေနာက္ခံႏွင့္ ဆန႔္က်င္ဘက္အေနအထားတြင္ ရပ္ေနၾကသည့္ ပန္းပု႐ုပ္တုမ်ားျဖစ္ပါတယ္။ Demetz ၏လူ႔ခႏၶာအေသးစိတ္အခ်က္အေပၚအာ႐ုံစူးစိုက္မႈဟာ အံ့ဩဖြယ္ေကာင္းလွပါတယ္။ သူဟာ အဝတ္အစားရွိ အေခါက္ရာေသးေသးေလးေတြအစ ပုံေဖာ္ႏိုင္ၿပီး တြဲက်ေနတဲ့ ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြကိုလည္း အေသးစိတ္ပုံေဖာ္ႏိုင္သလို ၊ဤ႐ုပ္တုမ်ားဟာ အမွန္တကယ္ အသက္ရွိ တည္ရွိေနသည္ဟု သင္ထင္ျမင္သြားႏိုင္ေလာက္ေအာင္ လူ႔ခႏၶာေဗဒကို ေကာင္းစြာ သတ္မွတ္ ထြင္းထုႏိုင္ပါတယ္ ။

သူ႔လက္ရာ၏ ရင္သပ္ရႈေမာဖြယ္ ေစ့စပ္ေသခ်ာမႈအျပင္၊ Demetz ၏ ဤပန္းပုမ်ားဟာ စိတ္ကူးစိတ္သန္း ဆန္းၾကယ္ပါတယ္။ ေျမျပင္ကို စိုက္ၾကည့္ေနရင္း ႐ုပ္တုမ်ားရဲ႕ေၾကာျပင္ေတြဟာ ကြၽန္ေတာ္တို႔အား ေဝးကြာေစသလိုခံစားရေစၿပီး ၎တို႔ဟာ ဝမ္းနည္းေနတာမဟုတ္ေပမဲ့လည္း ၊
၎တို႔ရဲ႕ ခႏၶာကိုယ္ဘာသာစကားဟာ ေတာင့္တျခင္း၊ ဆုံးရႈံးျခင္း သို႔မဟုတ္ အခ်ိန္တိုအတြင္း စိတ္ခံစားခ်က္ကို ျဖစ္ေပၚေစပါတယ္။ ရလဒ္အေနျဖင့္၊ Demetz ၏လက္ရာမ်ားဟာ ျပင္းထန္တယ္ဟု ခံစားရေစပါတယ္။ ဒီေတာ့ စိတ္ကိုေအးခ်မ္းတည္ၿငိမ္သြားေစေအာင္ အႏုပညာအျမင္ျဖင့္ ၊ ကိုယ္တိုင္လက္ျဖင့္ သစ္သားမ်ားမွ ထြင္းထုလုပ္ထားတဲ့ Demetz ရဲ႕အသက္ဝင္ေနပုံတူတဲ့ပန္းပုလက္ရာမ်ားကိုလည္း ဆက္လက္ၾကည့္ရႈသြားခဲ့ၾကပါအုံးဗ်ာ ။

JRose (KB Chimmy One)

About the author

KB Chimmy

Leave a Comment