Social Stories

ဘီစကွတ်မုန့်တစ်မျိုးတည်းကို လအတော်ကြာစားသုံးခဲ့ပြီးနောက် ကိုယ်အလေးချိန် ၅၇.၂ ပေါင်ကျသွားကြောင်းကိုပြောပြခဲ့တဲ့ မိန်းကလေး

Written by KB Chimmy

ကိုယ်အလေးချိန် လျှော့ချခြင်းက ခက်ခဲနက်နဲတဲ့ ကိစ္စရပ်တစ်ခုဖြစ်နိုင်တာကို ကျွန်တော်တို့အားလုံး အသိပါဘဲ။ လူအတော်များများက ပေါင်ချိန်အနည်းငယ်မျှဖြင့် ကိုယ်အလေးချိန်ကျဖို့ကြိုးစားခဲ့ကြပေမဲ့လည်း အများစုမှာ ၎င်းတို့ရဲ့အစားအသောက်ပုံစံနှင့် လေ့ကျင့်ခန်းအစီအစဉ်တွေကို မလိုက်နာနိုင်တတ်ကြပါဘူး။ သို့ပေမဲ့ Ej Curamen Sison အမည်ရှိမိန်းကလေးတစ်ဦးဟာ ကိုယ်အလေးချိန်လျော့ချဖို့အတွက် SkyFlakes အမှတ်တံဆိပ် ဘီစကွတ်ကိုသာစားသုံးခဲ့ပြီးနောက် ကိုယ်အလေးချိန် 57.2 ပေါင်ကျဆင်းသွားတဲ့ သူမရဲ့စွဲမက်စိတ်ဝင်စားဖွယ်ကောင်းတဲ့ခရီးစဉ်တစ်ခုအကြောင်းကို Facebook ပေါ်မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။

ဖေ့စ်ဘုတ်မှာ ရေပန်းစားသွားခဲ့တဲ့ သူမရဲ့ပို့စ်တွေမှာ Sison က သူမဟာ ကိုယ်အလေးချိန်လျှော့ချဖို့ ဘေးပတ်ဝန်းကျင်ရဲ့စကားတွေကို ဘယ်တုန်းကမှမကြားခဲ့ရသလို ၊ မိခင်ဖြစ်သူက အစားအသောက်မှမဟုတ်ဘဲ အရာအားလုံးကို ပေါပေါသီသီ သုံးစွဲနိုင်တယ်လို့ပြောခဲ့တာကြောင့် သူမဟာ အဝလွန်သွားခဲ့ကြောင်းကို ပြောပြခဲ့ပါတယ်။

ထို့ကြောင့်၊ Sison ဟာ သူမကြိုက်သမျှ၊ သူမကြိုက်သလောက်နှင့် သူမစားချင်တိုင်းကိုစားရင်း ကြီးပြင်းလာခဲ့ပါတယ်။ ယင်းကြောင့် သူမဟာ အဝလွန်လာခဲ့ပြီး အများအားဖြင့် ကိုယ်အလေးချိန် 78 မှ 80 ကီလိုဂရမ်ရှိတဲ့ Sison ဟာ နှစ်ပေါင်းများစွာ အဝလွန်နေခဲ့ရှိပေမဲ့လည်း နောက်ဆုံးတွင် သူမရဲ့ပုံပန်းသဏ္ဍာန်ကို ငြီးငွေ့လာခဲ့ပြီး သူမဟာ အဝလွန်ခြင်းကြောင့် မပျော်ရွှင်နိုင်တော့ပါဘူး။

ဒါကြောင့် ၎င်းဟာ ကိုယ်အလေးချိန်လျှော့ချဖို့ သူမအတွက် အကြံကောင်းတစ်ခုဖြစ်မယ်လို့ သူမ ထင်ခဲ့တာပါ။

ကိုယ်အလေးချိန်လျှော့ချရန် ကြိုးစားခြင်းက အစားအသောက် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ဖို့အတွက် တစ်ခုခုကိုစတေးရန်လိုအပ်သည်ဟုဆိုလိုခြင်းဖြစ်ပါတယ်။ Sison ဟာ သူမအနေနဲ့ Gym သွားပြီး လေ့ကျင့်ခန်းတွေ မလုပ်နိုင်တာကြောင့် သူမဟာ diet လုပ်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့ကြောင့် ရွေးချယ်စရာ အစားအသောက်တွေ အများကြီးရှိပေမယ့် Sison ဟာ သူမ အလွယ်တကူ လုပ်နိုင်တဲ့အရာတစ်ခုကိုသုံးဖို့ဆုံးဖြတ်ခဲ့ပြီး တခြားအစားအစာတွေစားမယ့်အစား SkyFlakes ဘီစကွတ်ကို စားဖို့ပဲရွေးချယ်ခဲ့ပါတယ်။

Sison ဟာ သူမရဲ့ အစားအသောက်ပုံစံကို စတင်လိုက်တာနှင့်အမျှ သူမဟာ ကျော်လွှားရန်လိုအပ်မည့်သွေးဆောင်မှုများ များစွာရှိခဲ့ပေဲ့လည်း ထိုစိန်ခေါ်မှုများကို သူမ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ Sison ရဲ့အဆိုအရ သူမဟာ ထမင်းတောင်မစားဘဲ လုံးဝ ဘီစကွတ်ကိုသာစားသုံးခဲ့တာပါ။

SkyFlakes ကို လအတော်ကြာစားသုံးခဲ့ပြီးနောက်၊ Sison ဟာ စုစုပေါင်း ကိုယ်အလေးချိန် 57.2 ပေါင် (25.95 ကီလိုဂရမ်) ကိုလျော့ချနိုင်ခဲ့လို့ သူမရဲ့ရလဒ်များကို ကျေနပ်အားရခဲ့ရပါတယ်။

ဒီတော့ စာဖတ်သူတို့ထဲမှကိုယ်အလေးချိန်လျော့ချဖို့ စဉ်းစားနေပြီး ဘယ်အစားအသောက်ပုံစံကိုစားသုံးရမလဲဆိုတာမသေချာသေးရင်တော့ Sison ရဲ့နည်းလမ်းကိုလိုက်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ဗျာ။

JRose (KB Chimmy One)

Reference : rachfeed

About the author

KB Chimmy

Leave a Comment