Social Stories

လူ့ရဲ့လက်တံတောင်ဆစ်လောက်ရှိပြီး တစ်ယောက်တည်းစားရင် နှစ်ရက်လောက်စားနိုင်တဲ့ ဧရာမဌက်ပျောသီး

Written by KB Chimmy

မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ Asingan မြို့ရှိဒေသခံများဟာ ဒီဧရာမဌက်ပျောသီးကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တုန်လှုပ်ကာ ရှော့ဖြစ်သွားခဲ့ကြပါတယ်။ Tindok ငှက်ပျောသီးဟု လူသိများတဲ့ ဤငှက်ပျောအမျိုးအစားဟာ ၁၁ လလျှင် တစ်ကြိမ်သာ အသီးထွက်သည်ဟု ဆိုပါတယ်။ ၎င်းဟာ အသက်သုံးဆယ်အရွယ် ဖိလစ်ပိုင် ဆံပင်နှင့် မိတ်ကပ်ပညာရှင် Arje Esteban ကဲ့သို့ လူအများကလည်း မယုံကြည်နိုင်ခဲ့ကြပါဘူး။ PIO Asingan ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် မျှဝေထားသည့်ဇာတ်လမ်းအရ၊ အထူးသဖြင့် Arje နှင့် ၎င်းကိုမြင်ဖူးသူတိုင်း ဟာ လူမှုကွန်ရက်ပေါ်ကနေ ၎င်းငှက်ပျောသီးအကြီးကြီးကို ပထမဆုံးမြင်တွေ့လိုက်ရတဲ့အခါ အတော်လေးကို အံ့ဩထိတ်လန့်သွားခဲ့ကြပါတယ်။

.

“ တကယ်တော့ အဲ့တာကို ငှက်ပျောသီးမဟုတ်ဘဲ အတုလို့ထင်နေခဲ့တာ၊ သြော်!၊ ဒီလိုမျိုး ငှက်ပျောသီးရှည်ကြီးကို ပထမဆုံးအကြိမ် မြင်ဖူးတာဘဲ၊ Asingan မှာ ဒီလိုမျိုး ငှက်ပျောသီးမျိုးကို အရှည် (၆)လက်မလောက်ဘဲ မြင်နိုင်တာ ” လို့ Arje က အံ့ဩမှင်သက်စွာ ပြောကြားခဲ့ပါတယ်။

Arje လိုအံ့ဩနေတဲ့ အသက် ၄၅ နှစ်အရွယ် Winnie Tarangco အမည်ရှိစိုက်ခင်းပိုင်ရှင်ကလည်း “ ပုံထဲကအတိုင်းပဲ၊ အဲ့ဒီငှက်ပျောသီးရဲ့အရှည်က ငါ့ရဲ့တံတောင်ဆစ်ကိုကျော်ပြီး ငါ့လက်မောင်းပေါ် အထိတောင် ရောက်တယ်၊ ငါ့မြေးအရွယ်လောက်တောင်ရှိတော့မဲ့ ငှက်ပျောသီးကို ငါအခုမှဘဲ ပထမဆုံးမြင်ဖူးတယ် ” လို့ပြောကြားခဲ့ပါတယ်။

ထို့ပြင် Tarangco က ၎င်းငှက်ပျောသီးတစ်လုံးလျှင် အလေးချိန် ၃ မှ ၄ ကီလိုဂရမ်ခန့်ရှိပြီး အရှည်မှာ ၁၆ လက်မရှိကြောင်းပြောပြပြီး “ ဒီလောက်အရှည်ဆိုရင် ငါတစ်ယောက်တည်း မစားနိုင်ဘူး၊ ဒါက ငါတို့ရဲ့သာမာန်ငှက်ပျောသီးလို တစ်နပ်တည်းစားလို့မရဘူး၊ ဒါကို မင်းတစ်ရက်တည်းနဲ့ တကယ် ကုန်အောင်စားနိုင်မှာမဟုတ်ဘူး ” ဟုလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

.

ထိုအကြောင်းနှင့်ပတ်သက်ပြီး Asingan မြို့မှ လယ်သမားကြီး မစ္စတာ Ernesto Pascual ၏အဆိုအရ “ ဒါဟာ တကယ်ကို ဓာတုဆေးတွေကြောင့်မဟုတ်ဘဲ စိုက်ခင်းသမားတွေက ဂရုတစိုက်ရှိလို့ တဖြည်းဖြည်း ကြီးထွားလာတာပါ ၊ ဒီငှက်ပျောသီးမျိုးကို ဖိလစ်ပိုင်နှင့် အာရှတိုက်ရဲ့အစိတ်အပိုင်းများကဲ့သို့ အပူပိုင်းဒေသများတွင် စိုက်ပျိုးကြတယ် ” ဟုလည်းပြောကြားခဲ့ပါသေးတယ်။

JRose (KB Chimmy One)

Reference : everytruenews24

About the author

KB Chimmy

Leave a Comment