Social Stories

ပွဲတော်မှာ အပျော်သဘောနဲ့ အကကနေရင်း သူမရဲ့အံ့မခန့်အလှတရားကြောင့် လူအများအပြားရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တဲ့ မိန်းကလေး

Written by KB Chimmy

အမှတ်တမဲ့ ရိုက်မိခဲ့တဲ့ 17 နှစ်အရွယ်မိန်းကလေးတစ်ဦးရဲ့ဓာတ်ပုံဟာ သူမရဲ့အလှကြောင့် အာရှတစ်ဝှမ်းလုံးရှိ လူအများအပြားကို ရူးသွားစေခဲ့ပါတယ် ။ ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ အလှက ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ် ။ သူမက အသက် 17 နှစ်အရွယ် Joyeeta Sanyal ဖြစ်ပြီး အိန္ဒိယအမျိုးသမီးတစ်ဦးရဲ့ ပုံမှန်အလှကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ် ။ ကြီးမားပြီး နက်နဲတဲ့ ပယင်းမျက်လုံးများ၊ ဖြောင့်စင်းတဲ့ နှာတံ၊ ညီညာတဲ့ သွားများနဲ့ ဖြူဖွေးတဲ့ အသားအရေတို့ ပေါင်းစပ်ကာ ကြည့်ရှုသူတိုင်း သဘောကျစေမဲ့ အလှကို ပိုင်ဆိုင်ထားတာပါ ။ ဓာတ်ပုံများရဲ့ ရေပန်းစားမှုကြောင့် Joyeeta Sanyal က လူအများစိတ်ဝင်စားခဲ့တဲ့ ကွန်ရက်ဖြစ်စဉ်တစ်ခု လျင်မြန်စွာဖြစ်လာခဲ့ပါတယ် ။

ထိုအချိန်မှာ သူမက အပျော်တမ်း အကသမားတစ်ဦးသာဖြစ်ပေမဲ့ ခဏအကြာမှာ ကြီးမားတဲ့ follower ကို ရရှိထားတာကြောင့် Joyeeta Sanyal က နာမည်ကြီးတစ်ဦးထံ ရိုက်ကူးခဲ့ပြီး ကြော်ငြာဖိတ်စာများနဲ့ ဓာတ်ပုံနမူနာများကို လျင်မြန်စွာ လက်ခံရရှိခဲ့ပါတယ် ။

သရုပ်ဆောင်၊ သီချင်းဆိုခြင်းစတဲ့ တခြားသောနယ်ပယ်တွေမှာ ဝင်ငွေရှာဖို့ အခွင့်အလမ်းကို အလျင်အမြန် ဆုပ်ကိုင်နိုင်ခဲ့ပါတယ် ။

ဒါပေမဲ့လည်း Joyeeta Sanyal ရဲ့ အနုပညာ ထုတ်ကုန်များက ပရိသတ်ရဲ့ အာရုံကို မဆွဲဆောင်နိုင်ခဲ့ဘဲ အချိန်ကြာလာတာနဲ့အမျှ သူမရဲ့ကျော်ကြားမှုက အတိတ်သို့ တဖြည်းဖြည်းကျလာခဲ့ပါတယ် ။

၂ နှစ်ကြာပြီးနောက် သူမက အိန္ဒိယစတိုင်လ် ရိုးရာဝတ်စုံများဖြင့် ထူးထဲတဲ့ မိတ်ကပ်လိမ်းခြယ်လေ့ရှိဒါကြောင့် Joyeeta Sanyal ဟာ အသက် 19 နှစ်ထက် ပိုရင့်ကျက်ပုံရပါတယ် ။

.

ပြောစရာမလိုအောင် ဖြူစင်တဲ့ မျက်နှာလေးနဲ့တောင် အရင်ကလို ဖြူစင်တဲ့ အလှကို မပိုင်ဆိုင်တော့ဘဲ သူမရဲ့ အပြောင်းအလဲကို ပရိတ်သတ်များစွာ အံ့အားနေခဲ့ပါတယ် ။

ဒါပေမဲ့ Joyeeta Sanyal ဟာ ငယ်ရွယ်သေးသော်လည်း အနာဂတ်မှာ သူမက အံ့မခန်းတဲ့ အောင်မြင်မှုများရရှိရန် ပိုမိုကြိုးစားလိမ့်မယ်လို့ လူအများက မျှော်လင့်နေကြပါတယ် ။

JRose (KB Chimmy One)

Reference : yan

About the author

KB Chimmy

Leave a Comment