Social Stories

TikTok မှ Mask လုပ်နည်းကို သင်ယူပြီးနောက် ကိုယ်တိုင်လုပ်ကြည့်တဲ့အခါ ကြုံတွေ့ရတဲ့ ဖြစ်ရပ်ကြောင့် ငိုရမလိုဖြစ်နေခဲ့တဲ့ မိန်းကလေး

Written by KB Chimmy

အသားအရေ လှပဖို့က မိန်းကလေးတွေရဲ့ အဓိက အလေးထားမှုဖြစ်ပေမယ့် နည်းလမ်းမှားပြီး မှားယွင်းတဲ့ နည်းလမ်းကို ကျင့်သုံးတဲ့ အမျိုးသမီးတွေဟာ ဘဝမှာ အကြာကြီးအမှတ်ရစေမဲ့ ပြဿနာတွေကို အလွယ်တကူ ကြုံတွေ့ရနိုင်ပါတယ် ။ မကြာသေးမီကမှ Nguyen Duc Hieu အမည်ရှိ အကောင့်တစ်ခုက လူမှုကွန်ရက်ပေါ်မှာ သူ့ချစ်သူကောင်မလေးရဲ့ အလှတရားအကြောင်း တင်ခဲ့ရာ လူတိုင်းက ရယ်မောခြင်းကို မရပ်နိုင်လောက်အောင်ပါပဲ ။ Duc Hieu ရဲ့ချစ်သူကောင်မလေးက TikTok မှာ Mask လုပ်နည်းClipကနေ သင်ယူခဲ့ပြီးနောက် စမ်းသပ်ပြုလုပ်ကြည့်ရာမှ ဘယ်လောက် ထိရောက်တယ်ဆိုတာ မသိပေမယ့် ကြည့်လိုက်ရုံနဲ့ “ပြောရခက်တယ်” ဆိုတဲ့ ခံစားချက်ကို ဖန်တီးပေးပါတယ် ။

Mask ကို ဖြုတ်လိုက်တဲ့အခါ သူမရဲ့ ငြီးငွေ့တဲ့ အမူအရာက ပတ်ဝန်းကျင်ကို ရယ်စရာကောင်းစေပါတယ် ။ ဒီအိမ်လုပ် Mask ကို ကပ်ပြီးရင် Duc Hieu ရဲ့ ချစ်သူကောင်မလေးအသားအရေက နည်းနည်း ပိုလှပလာမယ်ဆိုတာမသိပေမယ့် နောင်မှာလည်း အလားတူပြဿနာမျိုး မဖြစ်အောင် Mask ချက်နည်းကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။

အလှအပဆိုတာ လူတိုင်းရဲ့တရားဝင်လိုအပ်ချက်တစ်ခုပါ ။ ဒါပေမယ့် ကံဆိုးမိုးမှောင်ကျစရာဖြစ်ရပ်တွေကို ရှောင်ရှားဖို့ ဘယ်နည်းလမ်းကို ကျင့်သုံးရမလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ် ။ တခြား ထိရောက်ပြီး လွယ်ကူတဲ့ အသားအရေ ထိန်းသိမ်းနည်းတွေ သိတယ်ဆိုရင် အောက်က comment ကဏ္ဍမှာ မျှဝေပေးလို့ရပါတယ် ။

JRose (KB Chimmy One)

Reference : bestie

Zawgyi




JRose (KB Chimmy One)

About the author

KB Chimmy

Leave a Comment