Social Stories

ကိုယ်အလေးချိန်လျော့ချနိုင်ခဲ့ပြီးနောက် ခင်ပွန်းထံမှ ဆုငွေအဖြစ် ၁၈ သိန်းရလိုက်လို့ ဝမ်းသာမဆုံးဖြစ်နေခဲ့တဲ့ အမျိုးသမီး

Written by KB Chimmy

အထူးသဖြင့် ဖျားနာခြင်းဟာ ငွေကုန်ကြေးကျ များတာကြောင့် လူတို့အမှန်တကယ် အာရုံစိုက်သင့်တဲ့အရာတစ်ခုက ကျန်းမာသန်စွမ်းနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက်မျိုးစုံနဲ့ လေ့ကျင့်ခန်းလုပ်ဖူးသူတိုင်း ကိုယ်အလေးချိန်ကျဖို့က တကယ်ကို ခက်ခဲကြောင်းပြောပြလာကြပါလိမ့်မယ်။ တကယ်တော့၊ အစားလျော့စားဖို့ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ရိုးလုပ်စဉ်တွေအတွက် သွေးဆောင်မှုတွေအများကြီးရှိပါသေးတယ်။ ထို့အပြင်၊ ကိုယ်အလေးချိန် လျှော့ချခြင်းဟာ ရက်သတ္တပတ် နှစ်ပတ်ကြာ diet လုပ်ခြင်းလို မရိုးရှင်းသလို လပေါင်းများစွာပြုလုပ်ရန်လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ၎င်းတို့ရဲ့ပန်းတိုင်ကို အမှန်တကယ်ရောက်အောင် စွမ်းဆောင်နိုင်သူအများအပြားအတွက် မှန်ကန်တဲ့လှုံ့ဆော်မှုကိုရှာဖွေဖို့က အဓိကပါပဲ။

ဖိလစ်ပိုင်နိုင်ငံ Davao မြို့မှ Cris Cringol အမည်ရှိအမျိုးသမီးအတွက် စေ့ဆော်မှုကတော့ 5 လအတွင်း ကိုအလေးချိန် 17 ကီလိုဂရမ်ကျဆင်းပါက Php 50,000 (18 သိန်းနီးပါး) ဆုချမယ်ဆိုတဲ့ သူမခင်ပွန်းရဲ့ကတိပြုစကားဘဲဖြစ်ပါတယ်။

အထူးသဖြင့် အလုပ်များတဲ့ကလေးနှစ်ယောက်အမေအတွက် အောင်မြင်ရန်ခက်ခဲပေမဲ့လည်း၊ Cringol ဟာ သူမရဲ့ကိုယ်အလေးချိန်လျော့ချတဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူနှင့် ဟာသတစ်ခုအဖြစ် ပထမဆုံးစတင်ခဲ့ကြောင်း သူမက ဝန်ခံခဲ့ပေမဲ့လည်း မကြာမီမှာ ၎င်းကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး သူဟာ ဆုကြေးငွေရဖို့အတွက် ဆက်လက်လုပ်ဆောင်လာခဲ့တာပါ။

ဒါဆို သူမ ဘယ်လိုအောင်မြင်လာခဲ့လဲဆိုတော့ သူမဟာ လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ Cringol ၏အဆိုအရ သူမဟာ တစ်ရက်လျှင် နံနက်စောစောနှင့် အိပ်ရာမဝင်မီ နှစ်ကြိမ်တိတိ လေ့ကျင့်ခန်းလုပ်ခဲ့ပါတယ်။

“ အဲ့တာက ဟာသတစ်ခုအနေနဲ့ စတင်ခဲ့တာပါ၊ အရင်ကလေးမမွေးခင်က ကျွန်မခင်ပွန်းက ကျွန်မကို sexy ဖြစ်တယ်လို့ပြောပြီး အခု ကလေးမွေးတော့ နည်းနည်း ဝလာတယ်လို့ပြောနေလို့ ကျွန်မလည်း မရဘူး ပိန်အောင်လုပ်မယ်ဆိုပြီး သူ့ကိုစနှောက်ခဲ့တာပါ” လို့ ရှင်းပြခဲ့ပါတယ်။

“ အဲ့တာနဲ့ ကျွန်မလည်း ပျင်းပျင်းနဲ့ လေ့ကျင့်ခန်းတွေစလုပ်ကြည့်လိုက်တယ် ၊ ကျွန်မလေ့ကျင့်ခန်းလုပ်တဲ့ပုံစံကို ရမရလာလို့ ခင်ပွန်းက ကျွန်မကို လုပ်ချင်စိတ်ပေါက်သွားအောင် ပိုကြည့်ကောင်းလာဖို့အတွက် ဆုတစ်ခုပေးမယ်လို့ ကမ်းလှမ်းခဲ့တယ် ” ဟုလည်း Cringol က ထပ်မံပြောကြားခဲ့ပါတယ်။

သူမက ဆက်လက်ပြီး “ ကိုယ်အလေးချိန်လျှော့ချဖို့လုပ်ရင် အချိန်က စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်၊ 2021 ခုနှစ် အောက်တိုဘာလမှာ ကျွန်မရဲ့ပန်းတိုင်က ဖြစ်မြောက်သွားခဲ့တယ်၊ အခုတော့ ကျွန်မရဲ့ကိုယ်အလေးချိန်က ၇၂ ကီလိုကနေ ၅၅ ပဲကျန်တော့တယ် “ လို့လည်း ပြောကြားခဲ့ပါတယ်။

JRose (KB Chimmy One)

Reference : rachfeed

About the author

KB Chimmy

Leave a Comment