Social Stories

လက်တွေ့ဘဝ ‘Squid Game’ show ကို ပြန်လည်ဖန်တီးကာ ဆုငွေ ဒေါ်လာ ၄၅၆,၀၀၀ အတွက် ပြိုင်ပွဲဝင်များကို ပါဝင်ယှဉ်ပြိုင်စေခဲ့တဲ့ နာမည်ကြီး YouTuber တစ်ဦး (ရုပ်သံ)

Written by KB Chimmy

YouTube စတားတစ်ဦးဖြစ်တဲ့ MrBeast (အမည်ရင်း Jimmy Donaldson) ဟာ စကေးအပြည့်အစုံများ၊ ၎င်းရှိုးပွဲနှင့်တူသည့်၀တ်စုံများပါဝင်သည့် နာမည်ကြီး “Squid Game” အား စုစုပေါင်း ဒေါ်လာ 3.5 သန်း အကုန်အကျခံကာ ပြန်လည်ဖန်တီးခဲ့တဲ့ သူ့ရဲ့ဖန်တီးမှုကိုမျှဝေပေးခဲ့ပါတယ်။ ထို့ပြင် MrBeast ဟာ ၎င်းနာမည်ကြီး Netflix စီးရီး ‘Squid Game’ ရဲ့လက်တွေ့ဘဝဗားရှင်းကို ငွေသားဆု $456,000 ရရှိရန် ပြိုင်ပွဲဝင် 456 ဦးအား ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပါတယ်။ “Squid Game” ဟာ Netflix ၏ အချိန်တိုင်းကြည့်ရှုမှုအများဆုံးရရှိထားတဲ့ရှိုးတစ်ခုဖြစ်ပြီး ၎င်းတို့အကြွေးများကိုပြန်ဆပ်ရန် ပိုက်ဆံအလုံအလောက်ရရှိရန်အတွက် ကလေးဂိမ်းများတွင်ပါဝင်နေသည့်ဇာတ်ကောင်အုပ်စုအကြောင်းကိုပြသထားတဲ့ ကိုရီးယားဒရာမာစီးရီးတစ်ခုဘဲဖြစ်ပါတယ်။

၎င်းရှိုး၏ကြမ်းတမ်းတဲ့ရှုထောင့်ဟာ ပရိသတ်များကိုစွဲမြဲစေမည့်အရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ၎င်းရှိုးအောင်မြင်လာခဲ့ပြီးနောက်မှာ YouTube ပြိုင်ပွဲကြီးကြီးမားမားများကျင်းပရန် လူသိများသည့် Donaldson ဟာ သူ့ရဲ့ TikTok ဗီဒီယိုသာ Like ၁၀ သန်းအထိရရှိပါက လက်တွေ့ဘဝ “Squid Game” ကို ပြန်လည်ဖန်တီးသွားမည်ဟု ကတိပြုခဲ့ပါတယ်။

ထို့နောက် ၎င်းဗီဒီယိုဟာ ထိုသတ်မှတ်အမှတ်ထက် လျင်မြန်စွာတက်သွားခဲ့ပါတယ်။ ပြိုင်ပွဲဟာ တီဗီစီးရီးရဲ့အရေးကြီးသောကဏ္ဍဖြစ်တဲ့ ” မီးနီ၊ မီးစိမ်း” ဖြင့် စတင်ခဲ့ပါတယ်။ သို့ရာတွင်၊ ပြိုင်ပွဲဝင်များနှင့် ချိတ်ဆက်ထားတဲ့ယန္တရားဟာ ပစ်သတ်ခံရခြင်းထက် ဖယ်ရှားခံရတဲ့အခါမှာ ၎င်းတို့ရဲ့ အင်္ကျီများပေါ် အရောင်စွန်းထင်းသွားမည်ဖြစ်ပါတယ်။

လွန်ဆွဲဂိမ်းနှင့် တံတားခုန်ဂိမ်းများ၌ ပြိုင်ပွဲဝင်များပြုတ်ကျသေဆုံးခြင်းမှ ကာကွယ်ရန် အောက်ခံမှအမြှုပ်များပါထားရှိထားပါတယ်။

နောက်ဆုံးအချီမှာတော့ ပြိုင်ပွဲဝင်တွေဟာ ကိုးရီးယားကလေးကစားနည်းလို့ နာမည်ပေးခဲ့တဲ့ကစားနည်းအစား လက်နဲ့ချိတ်ပြီး ဂီတကုလားထိုင်ကို တီးခတ်ခဲ့ကြပါတယ်။

ထို့အပြင်၊ Donaldson ဟာ ပြိုင်ပွဲဝင်အားလုံးရဲ့နံပါတ်များကိုလျော့ချရန် ပြသထားတဲ့ screen ကိုတော့ ပြန်လည်ဖန်တီးမထားပါဘူး။

ယင်းအစား ၎င်းတို့ဟာ ပထမအပိုင်းတွင် “Squid Game” ရဲ့ဇာတ်ဆောင် Gi-hun (Lee Jung-jae) ပါဝင်ခဲ့တဲ့စက္ကူပစ်ဂိမ်းဖြစ်သော Ddakji ကိုသာကစားခဲ့ကြပါတယ်။

Gamemaster ရဲ့ အနက်ရောင်အဝတ်အစားကို ဝတ်ဆင်ထားတဲ့ Donaldson အပါအဝင် ဗီဒီယိုထဲမှလူတိုင်းဟာ ၎င်းရှိုးမှ inspire ယူထားတဲ့ဝတ်စုံတို့ကို၀တ်ဆင်ထားကြပါတယ်။

ဗီဒီယိုတွင်၊ Donaldson ဟာ ဗီဒီယိုဂိမ်း “Brawl Stars” မှ တစ်စိတ်တစ်ပိုင်းပံ့ပိုးပေးထားသည့် လက်တွေ့ဘဝ “Squid Game” အတွက် ဒေါ်လာ 3.5 သန်းသုံးစွဲခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Mia (KB Chimmy One)

Reference : 9gag

About the author

KB Chimmy

Leave a Comment