Social Stories

ယောကျာ်းမယူဘဲ ဘိုးဘွားရိပ်သာမှာ အတူတူနေကာ လက်ချင်းချိတ်ပြီး တောက်ပစွာ ပြုံးပျော်နေကြတဲ့ အသက် 90 အရွယ် အဖွားအိုးနှစ်ဦး

Written by KB Chimmy

ခင်မင်ရင်းနှီးမှုက တစ်ခါတစ်ရံမှာ အချစ်ထက် ရိုမန်တစ်ဆန်လွန်းပါတယ် ။ စိတ်အားထက်သန်မှုနဲ့ ရည်မှန်းချက်များပြည့်နေသေးတဲ့ ငယ်စဥ်ဘဝကတည်းက အတူတကွဖြတ်သန်းခဲ့ကြတဲ့ “soulmate” စုံတွဲများက သူတို့တွေ အသက်ကြီးလာတဲ့အခါမှာတောင် မခွဲခွာချင်ကြတာအမှန်ပါ ။ ယခုဖော်ပြမဲ့ အသက် 90 အရွယ် အဘွားနှစ်ယောက်ဟာလည်း သူတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုက ထင်ရှားတဲ့ သက်သေဖြစ်ပါတယ် ။ ဆံပင်ဖြူပြီး မျက်လုံးမှေးမှိန်သွားသည့်တိုင် သူတို့နှစ်ဦးက အမြဲတမ်းအတူရှိနေကြဆဲဖြစစ်တာက အလွန်လေးစားစရာကောင်းပါတယ် ။

ပျော်ရွှင်စရာဖြစ်ဖြစ် ဝမ်းနည်းစရာဖြစ်ဖြစ် အဖော်တွေနဲ့ အတူ ဘဝကို ဖြတ်သန်းခဲ့ကြပြီး ဒါတင်မကသေးဘဲ အသက်ကြီးလို့ ဘိုးဘွားရိပ်သာမှာ အတူနေတဲ့အခါ အဘွားအိုနှစ်ယောက်က အမှတ်တရဓာတ်ပုံရိုက်ပြီး အမှုအရာထားနည်းကိုပါ သင်ပေးနေကြတာလေးက အရမ်းချစ်ဖို့ကောင်းနေကြပါတယ် ။ ဒေစီပန်းစည်းတွေနဲ့ နေ့စဉ်ဘဝရဲ့ အလွန်ရိုးရှင်းပြီး ရင်းနှီးတဲ့ အခိုက်အတန့်လေးပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာတွေကို ကြည့်ပြီး (သို့) ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ တင်းတင်းကြပ်ကြပ် လက်ချင်းချိတ်တာတွေနဲ့ အပြုံးတွေက လူတွေကို စိတ်ချမ်းသာစေရုံသာမက နွေးထွေးမှုကိုပါ ခံစားစေပါတယ် ။

လူ့ဘဝက တိုတောင်းလွန်းတာမို့ အချိန်မနှောင်းခင် နောင်တမရအောင် ချစ်ရတဲ့သူတွေကို မေတ္တာထားလိုက်ကြပြီး ရင်းရင်းနှီးနှီးရှိကြသူများလည်း ဒီအဘိုးနှစ်ယောက်လို ဘဝဆုံးခန်းတိုင်အောင် အတူတူ လျောက်သွားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ။

JRose (KB Chimmy One)

Reference : yan

Zawgyi

ခင္မင္ရင္းႏွီးမႈက တစ္ခါတစ္ရံမွာ အခ်စ္ထက္ ႐ိုမန္တစ္ဆန္လြန္းပါတယ္ ။ စိတ္အားထက္သန္မႈနဲ႔ ရည္မွန္းခ်က္မ်ားျပည့္ေနေသးတဲ့ ငယ္စဥ္ဘဝကတည္းက အတူတကြျဖတ္သန္းခဲ့ၾကတဲ့ “soulmate” စုံတြဲမ်ားက သူတို႔ေတြ အသက္ႀကီးလာတဲ့အခါမွာေတာင္ မခြဲခြာခ်င္ၾကတာအမွန္ပါ ။ ယခုေဖာ္ျပမဲ့ အသက္ 90 အ႐ြယ္ အဘြားႏွစ္ေယာက္ဟာလည္း သူတို႔ရဲ႕ ခ်စ္ၾကည္ရင္းႏွီးမႈက ထင္ရွားတဲ့ သက္ေသျဖစ္ပါတယ္ ။ ဆံပင္ျဖဴၿပီး မ်က္လုံးေမွးမွိန္သြားသည့္တိုင္ သူတို႔ႏွစ္ဦးက အၿမဲတမ္းအတူရွိေနၾကဆဲျဖစစ္တာက အလြန္ေလးစားစရာေကာင္းပါတယ္ ။

ေပ်ာ္႐ႊင္စရာျဖစ္ျဖစ္ ဝမ္းနည္းစရာျဖစ္ျဖစ္ အေဖာ္ေတြနဲ႔ အတူ ဘဝကို ျဖတ္သန္းခဲ့ၾကၿပီး ဒါတင္မကေသးဘဲ အသက္ႀကီးလို႔ ဘိုးဘြားရိပ္သာမွာ အတူေနတဲ့အခါ အဘြားအိုႏွစ္ေယာက္က အမွတ္တရဓာတ္ပုံ႐ိုက္ၿပီး အမႈအရာထားနည္းကိုပါ သင္ေပးေနၾကတာေလးက အရမ္းခ်စ္ဖို႔ေကာင္းေနၾကပါတယ္ ။ ေဒစီပန္းစည္းေတြနဲ႔ ေန႔စဥ္ဘဝရဲ႕ အလြန္႐ိုးရွင္းၿပီး ရင္းႏွီးတဲ့ အခိုက္အတန႔္ေလးပဲျဖစ္ျဖစ္၊ သူတို႔ရဲ႕ ေပ်ာ္႐ႊင္ေနတဲ့ မ်က္ႏွာေတြကို ၾကည့္ၿပီး (သို႔) ဒီသူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ တင္းတင္းၾကပ္ၾကပ္ လက္ခ်င္းခ်ိတ္တာေတြနဲ႔ အၿပဳံးေတြက လူေတြကို စိတ္ခ်မ္းသာေစ႐ုံသာမက ေႏြးေထြးမႈကိုပါ ခံစားေစပါတယ္ ။

လူ႔ဘဝက တိုေတာင္းလြန္းတာမို႔ အခ်ိန္မေႏွာင္းခင္ ေနာင္တမရေအာင္ ခ်စ္ရတဲ့သူေတြကို ေမတၱာထားလိုက္ၾကၿပီး ရင္းရင္းႏွီးႏွီးရွိၾကသူမ်ားလည္း ဒီအဘိုးႏွစ္ေယာက္လို ဘဝဆုံးခန္းတိုင္ေအာင္ အတူတူ ေလ်ာက္သြားႏိုင္ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္ ။

JRose (KB Chimmy One)

About the author

KB Chimmy

Leave a Comment