Social Stories

ထူးထူးဆန်းဆန်း ပုခက်ထဲမှာ ကလေးလေးလို အိပ်နေတတ်ပြီး ဆပ်ပြာနဲ့ ရေချိုးရတာကို ကြိုက်နှစ်သက်ခဲ့တဲ့ ကြက်ဖြူလေးတစ်ကောင်

Written by KB Chimmy

Binh Duong YouTube ချန်နယ်မှ ထူးဆန်းတဲ့ ထိုင်းမျိုးစပ်ကြက်ဖြူတစ်ကောင်ရဲ့ အကြောင်းကို ဝေမျှလာခဲ့ပါတယ် ။ အဆိုပါ ကြက်ဖြူရဲ့ ပိုင်ရှင်က Duc လို့ခေါ်ပြီး အသက် ၃၈ နှစ်ပါ ။ ယခုအခါမှာ ကြက်က အသက် ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး ပိုင်ရှင်နဲ့ ပေါင်းနေကာ အိမ်ရှိလူတိုင်းက ကြက်ဖြူလို့ ခေါ်လေ့ရှိပါတယ် ။ “ကြက်ကို စစဝယ်တုန်းက ကလေးတွေ အဖော်ရအောင်ဆိုပြီး ဝယ်ထားတာ။ မမျှော်လင့်ဘဲ ကြက်ကို ပြုစုရင်း သူ့ရဲ့ ဥာဏ်ရည်ကို ပြသခဲ့ပြီး ကျွန်တော်တို့ သူ့ကို ပိုပို ချစ်လာခဲ့တယ်။ တဖြည်ဖြည့်နဲ့ ကြက်ကို မိသားစုဝင်တစ်ယောက်လို ကောင်းကောင်း ဂရုစိုက်ခဲ့တယ် ။” လို့ Duc က ပြောပါတယ် ။

အဆိုပါကြက်ဖြူက အလေးချိန် 2 ကီလိုဂရမ်ကျော်ရှိပြီးသူမက ထမင်းဖြူကိုမစားဘဲ ဆန်လုံးညိုက သူ့အကြိုက်ဆုံး အစားအစာပါ ။ အဖြူရောင်ကြက်က သာမာန်ကြက်များနဲ့မတူဘဲ လူသားဘာသာစကားကို နားလည်ပုံရပြီး အထူးသဖြင့် သူက ပုခက်ထဲမှာ တစ်ရေးတစ်မော လှဲလျောင်းကာ ကလေးငယ်များကဲ့သို့ ပွေ့ဖက်ပြီး သိမ်ငယ်ခြင်းကို နှစ်သက်တာပါ ။ ဒီကြက်ဖြူလေးဟာ Duc ရဲ့ သမီးလေးနဲ့ သံယောဇဉ်တွဲပြီး ပုခက်ထဲမှာအတူတူအိပ်စေကာ တစ်ခါတရံမှာပင် Ducရဲ့ သမီးကို အနမ်းပေးခဲ့ပါတယ် ။ နေ့တိုင်းလိုလို နံနက်စောစော အချိန်မှာ မစ္စတာ Duc က ကြက်ကို ရေချိုးပေးလေ့ရှိပါတယ် ။ ထို့နောက် သန့်ရှင်းမွှေးကြိုင်ပြီး ကြက်ကလေး မအေးစေရန် မျက်နှာသုတ်ပဝါကို အသုံးပြုပြီး ခြောက်သွေ့သွားအောင် သုတ်ပေးပါသေတယ် ။

ရေချိုးပြီးတိုင်း ကြက်ဟာ အလွန်စိတ်လှုပ်ရှားကာ ပြေးမခုန်ဘဲ တုန်လှုပ်ချောက်ချားပြီး ငြိမ်သက်စွာ ရပ်နေခဲ့ပါတယ် ။ တစ်စုံတစ်ယောက်က ကြက်ဖြုကို VND သန်း 100 နဲ့ ရောင်းချင်လားလို့ မေးတဲ့အခါ ပိုင်ရှင်က “ဒါပြန်စဉ်းစားဖို့ လိုသေးတယ်” လို့ ပြုံးပြီး ပြန်ဖြေလိုက်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ မိသားစုဝင်အဖြစ် ကာလကြာရှည်စွာ အတူတူနေခဲ့ရတာကြောင့် မရောင်းဘဲ ကြက်ကို ပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဒီထူးဆန်းတဲ့ ကြက်အကြောင်းက ကြားမိသူတိုင်း အံ့သြစေပါတယ် ။

.

.

.

.

JRose (KB Chimmy One)

Reference : bestie

Zawgyi

Binh Duong YouTube ခ်န္နယ္မွ ထူးဆန္းတဲ့ ထိုင္းမ်ိဳးစပ္ၾကက္ျဖဴတစ္ေကာင္ရဲ႕ အေၾကာင္းကို ေဝမွ်လာခဲ့ပါတယ္ ။ အဆိုပါ ၾကက္ျဖဴရဲ႕ ပိုင္ရွင္က Duc လို႔ေခၚၿပီး အသက္ ၃၈ ႏွစ္ပါ ။ ယခုအခါမွာ ၾကက္က အသက္ ၂ ႏွစ္ခန႔္ရွိၿပီျဖစ္ၿပီး ပိုင္ရွင္နဲ႔ ေပါင္းေနကာ အိမ္ရွိလူတိုင္းက ၾကက္ျဖဴလို႔ ေခၚေလ့ရွိပါတယ္ ။ “ၾကက္ကို စစဝယ္တုန္းက ကေလးေတြ အေဖာ္ရေအာင္ဆိုၿပီး ဝယ္ထားတာ။ မေမွ်ာ္လင့္ဘဲ ၾကက္ကို ျပဳစုရင္း သူ႔ရဲ႕ ဥာဏ္ရည္ကို ျပသခဲ့ၿပီး ကြၽန္ေတာ္တို႔ သူ႔ကို ပိုပို ခ်စ္လာခဲ့တယ္။ တျဖည္ျဖည့္နဲ႔ ၾကက္ကို မိသားစုဝင္တစ္ေယာက္လို ေကာင္းေကာင္း ဂ႐ုစိုက္ခဲ့တယ္ ။” လို႔ Duc က ေျပာပါတယ္ ။

အဆိုပါၾကက္ျဖဴက အေလးခ်ိန္ 2 ကီလိုဂရမ္ေက်ာ္ရွိၿပီးသူမက ထမင္းျဖဴကိုမစားဘဲ ဆန္လုံးညိဳက သူ႔အႀကိဳက္ဆုံး အစားအစာပါ ။ အျဖဴေရာင္ၾကက္က သာမာန္ၾကက္မ်ားနဲ႔မတူဘဲ လူသားဘာသာစကားကို နားလည္ပုံရၿပီး အထူးသျဖင့္ သူက ပုခက္ထဲမွာ တစ္ေရးတစ္ေမာ လွဲေလ်ာင္းကာ ကေလးငယ္မ်ားကဲ့သို႔ ေပြ႕ဖက္ၿပီး သိမ္ငယ္ျခင္းကို ႏွစ္သက္တာပါ ။ ဒီၾကက္ျဖဴေလးဟာ Duc ရဲ႕ သမီးေလးနဲ႔ သံေယာဇဥ္တြဲၿပီး ပုခက္ထဲမွာအတူတူအိပ္ေစကာ တစ္ခါတရံမွာပင္ Ducရဲ႕ သမီးကို အနမ္းေပးခဲ့ပါတယ္ ။ ေန႔တိုင္းလိုလို နံနက္ေစာေစာ အခ်ိန္မွာ မစၥတာ Duc က ၾကက္ကို ေရခ်ိဳးေပးေလ့ရွိပါတယ္ ။ ထို႔ေနာက္ သန႔္ရွင္းေမႊးႀကိဳင္ၿပီး ၾကက္ကေလး မေအးေစရန္ မ်က္ႏွာသုတ္ပဝါကို အသုံးျပဳၿပီး ေျခာက္ေသြ႕သြားေအာင္ သုတ္ေပးပါေသတယ္ ။

ေရခ်ိဳးၿပီးတိုင္း ၾကက္ဟာ အလြန္စိတ္လႈပ္ရွားကာ ေျပးမခုန္ဘဲ တုန္လႈပ္ေခ်ာက္ခ်ားၿပီး ၿငိမ္သက္စြာ ရပ္ေနခဲ့ပါတယ္ ။ တစ္စုံတစ္ေယာက္က ၾကက္ျဖဳကို VND သန္း 100 နဲ႔ ေရာင္းခ်င္လားလို႔ ေမးတဲ့အခါ ပိုင္ရွင္က “ဒါျပန္စဥ္းစားဖို႔ လိုေသးတယ္” လို႔ ၿပဳံးၿပီး ျပန္ေျဖလိုက္ပါတယ္ ။ ဘာျဖစ္လို႔လဲဆိုေတာ့ မိသားစုဝင္အျဖစ္ ကာလၾကာရွည္စြာ အတူတူေနခဲ့ရတာေၾကာင့္ မေရာင္းဘဲ ၾကက္ကို ျပဳစုေစာင့္ေရွာက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ။ ဒီထူးဆန္းတဲ့ ၾကက္အေၾကာင္းက ၾကားမိသူတိုင္း အံ့ၾသေစပါတယ္ ။

JRose (KB Chimmy One)

About the author

KB Chimmy

Leave a Comment