Social Stories

ပြန်လည်အသုံးပြုနိုင်တဲ့ပလတ်စတစ်ပစ္စည်းများကို စားသောက်ကုန်များ နှင့် ကျောင်းသုံးပစ္စည်းများဖြင့် ပြန်လည်လဲလှယ်ပေးတဲ့ စတိုးဆိုင်

Written by KB Chimmy

ဖိလစ်ပိုင်နိုင်ငံဟာ ယခုအခါ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ လျှော့ချနိုင်ရန် ဖိလစ်ပိုင်နိုင်ငံ Cebu မြို့မှာ ပထမဆုံး ပလတ်စတစ် ရောင်းဝယ်ရေးစတိုးဆိုင်ဖွင့်လှစ်ခြင်းဖြင့် နိုင်ငံများစွာရဲ့ခြေရာကို လိုက်နေလျက်ရှိပါတယ်။ ထိုပလတ်စတစ် ရောင်းဝယ်ရေးစတိုးဆိုင်မှာ ဝယ်ယူသူများက ၎င်းတို့ရဲ့ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်ပစ္စည်းများဖြစ်တဲ့ ရေသန့်ဘူးများ၊ ခေါင်းလျှော်ရည်ပုလင်းများနှင့် ကြွပ်ကြွပ်အိတ်တို့ဖြင့် လဲလှယ်နိုင်ပါတယ်။ ဒါပေမဲ့ ထိုပစ္စည်းအား လဲလှယ်နိုင်ရန် ပစ္စည်းများအားလုံးကို ဆေးကြောသန့်စင်ထားရမည်ဖြစ်ပါတယ်။ ထိုပလတ်စတစ်အလဲအလှယ်စတိုးဆိုင်က ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်ရဲ့အလေးချိန်ပေါ် မူတည်ပြီး ဝယ်ယူသူများကို ဆန်တစ်ပြည် သို့မဟုတ် ဆန်တစ်ဘူးအပြင် စတဲ့အခြားထောက်ပံ့ရေးပစ္စည်းတို့ဖြင့်လည်း လဲလှယ်ပေးပါတယ်။

.

ဥပမာအားဖြင့် ဆန်တစ်ကီလိုဂရမ်ကို ပလတ်စတစ် ၄ ကီလိုဂရမ်နဲ့ လဲလှယ်ပေးပါတယ်။ ထိုစတိုးဆိုင်မှာ ကျောင်းသုံးပစ္စည်းများဖြစ်တဲ့ ဖိနပ်များ၊ အရုပ်များ၊ မှတ်စုစာအုပ်များ၊ ခဲတံနှင့် အဝတ်အထည်များစတဲ့ အရာပစ္စည်းများဖြင့်လည်း လဲလှယ်နိုင်ပါတယ်။

.

မိုးသည်းထန်စွာရွာသွန်းချိန်မှာ မြောင်းများပိတ်ဆို့ခြင်းရဲ့ အဓိကအကြောင်းရင်းများထဲမှတစ်ခုဖြစ်တာကြောင့် Cebu မြို့အတွင်း ပလတ်စတစ်ညစ်ညမ်းမှုကိုလျှော့ချရန် ရည်ရွယ်ချက်ဖြင့် 12 Baskets Movement မှပလပ်စတစ်အလဲအလှယ်စတိုးဆိုင်ဆိုတာ ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ ABS-CBN မှ ပြောကြားခဲ့ပါတယ်။ ပလတ်စတစ်အလွန်အကျွံသုံးစွဲခြင်းရဲ့ဆိုးကျိုးများကို ပြည်သူများအား ပညာပေးရန်အတွက်လည်း ရည်ရွယ်ချက်ရှိနေကြောင်းလည်း ဆိုခဲ့ပါတယ်။

.

ထိုစတိုးဆိုင်မှ စုဆောင်းရရှိလာတဲ့ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်ပစ္စည်းများစွာကို Talisay မြို့ရှိ ၎င်းတို့ရဲ့စက်ရုံမှာ ဘိလပ်မြေနှင့် ရောစပ်ကာ ခြေဖျက်ချသွားမည်ဖြစ်ပြီး ထို ရရှိလာတဲ့ အခေါင်းတုံးများကို P12 (USD 0.23) ဖြင့် ရောင်းချသွားမည်ဖြစ်ပါတယ်။

.

“ ပလပ်စတစ်တွေ ပျက်စီးကြေမွသွားဖို့က နှစ် 100 ကျော်ကြာပါတယ်၊ ဒါ့ကြောင့် အခေါင်းတုံးများဖြစ်အောင် ဘိလပ်မြေနဲ့ရောစပ်လိုက်တဲ့အခါ ပိုအဆင်ပြေသွားတယ် ” လို့ 12 Baskets Movement မှ စေတနာ့ဝန်ထမ်း Gina Espenilla က ပြောကြားခဲ့ပါတယ်။ တကယ်လည်း ၎င်းအစီအစဉ်က အမှိုက်ကောက်သိမ်းသူများစွာကိုလည်း ကူညီပေးရာရစေမှာ အသေအချာပါဘဲ။

Mia (KB Chimmy One)

Reference : goodtimes

About the author

KB Chimmy

Leave a Comment