Social Stories

သံယောဇဥ်နှောင်ကြိုးကြောင့် သစ္စာရှိတဲ့ခွေးကလေးသေဆုံးပြီးနောက် နာရီဝက်အကြာမှာပဲ ကွယ်လွန်သွားခဲ့တဲ့ သခင်

Written by KB Chimmy

မကြာသေးမီက အမေရိကန်လူငယ်တစ်ဦးဟာ ၎င်းရဲ့ဖခင်နဲ့ အိမ်မွေးခွေးကြားရှိ သံယောဇဉ်နှောင်ကြိုးကို သူ့ရဲ့ကိုယ်ပိုင်စာမျက်နှာမှာ မျှဝေခဲ့ပြီး လူအများကို ဝမ်းနည်းမျက်ရည်ကျစေခဲ့ပါတယ် ။ ၎င်းရဲ့ဖခင် Hove Daniel က US လေတပ်မှာ အလုပ်လုပ်ခဲ့သော်လည်း ပန်ကရိယနဲ့ပတ်သက်တဲ့ ပြင်းထန်တဲ့ရောဂါတစ်ခုကြောင့် အလုပ်မှနုတ်ထွက်ခဲ့ရပါတယ် ။ ကုသမှုခံယူနေစဉ်အတွင်း မစ္စတာ Hove ရဲ့ဘေးမှာ အိမ်မွေးခွေး Gunner က အမြဲရှိနေပေးပြီး အဖော်ပြုပေးခဲ့ပါတယ် ။ ၎င်းက သူ့ရဲ့ရောဂါကို ၉ နှစ်တာကာလအတွင်း မစ္စတာ Hove အတွက် အားပေးမှုကောင်းများ ဖြစ်လာခဲ့ပါတယ် ။

ခွေးက ကြမ်းပြင်မှာနေခဲ့ရင် အအေးပတ်နိုင်မှာကို စိုးရိမ်တဲ့အတွက် မစ္စတာ Hove ရဲ့ မိသားစုက Gunner အတွက် ကုတင်သေးသေးလေးတစ်လုံးကို သခင်ရဲ့ဘေးမှာ လှဲလျောင်းဖို့ ပြင်ဆင်ထားပါတယ် ။

မစ္စတာ Hove နဲ့ သူ့ရဲ့ အိမ်မွေးခွေးကြားက သံယောဇဉ်ဟာ အရမ်းပြင်းထန်လွန်းတာကြောင့် သူစိတ်မကောင်းဖြစ်နေချိန်မှာတောင် Gunner ရဲ့ စိတ်ခံစားချက်တွေ ကျဆင်းသွားခဲ့ပါတယ် ။ သူတို့နှစ်ယောက် ဒီအတိုင်းနေနေတာ ၉ နှစ်ရှိပါပြီ ။ မစ္စတာHoveရဲ့ အခြေအနေက ပိုဆိုးလာကာ Gunner အတွက်ကတော့ အချိန်ကြာလာတာနဲ့အမျှ အသက်ကြီးလာခဲ့ပါပြီ ။

မစ္စတာ Hove ကိုဘဲ အဖော်ပြုပေးနေတာကြောင့် Gunner က ရွေ့လျားမှုလျော့နည်းလာတာကို တဖြည်းဖြည်းသတိပြုမိလာပြီး ဆေးရုံသို့ခေါ်ဆောင်သွားပြီးနောက် ခွေးမှာ ခြေလက်သေစေနိုင်တဲ့ ရောဂါရှိကြောင်းတွေ့ရှိခဲ့ပါတယ် ။

ရေရှည်မှာ Gunner ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု နှစ်မျိုးလုံးကို ရင်ဆိုင်ရနိုင်ခြေ ပိုများပါတယ် ။ သိပ်မကြာခင်မှာပဲ Gunner ဟာ အိပ်ရာထဲက မထနိုင်တော့ပါဘူး ။ နောက်ဆုံးမှာ ခွေး Gunner က အသက်ရှုရပ်သွားပြီး သူ့ရဲ့သခင် Mr. Hove ကို ထာဝရထားခဲ့လိုက်ရပါတယ် ။

ဒါပေမယ့် မိသားစုဝင်တွေကို နှစ်သိမ့်စေတာကတော့ Gunner ဟာ အလွန်ညင်သာသာနဲ့ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ် ။

ဒါပေမယ့် ခွေးလေး Gunner ဆုံးပြီး မိနစ် 90 အကြာမှာတော့ Mr. Hove ဖျားနာပြီး သေဆုံးသွားပါတယ် ။ အဲ့ဒီအချိန်မှာ မစ္စတာ Hove ရဲ့မိသားစုက အရေးကြီးတဲ့အရာနှစ်ဦးကို တစ်ပြိုင်နက်ဆုံးရှုံးလိုက်ရခြင်းအတွက် စိတ်မကောင်းဖြစ်မိသော်လည်း မစ္စတာ Hove က ၎င်းရဲ့ဘဝနောက်ဆုံးအချိန်အထိ သစ္စာရှိခွေးနဲ့အတူ လိုက်ပါနိုင်ဆဲဖြစ်သောကြောင့် ကံကောင်းတယ်လို့ ခံစားရပါတယ် ။

JRose (KB Chimmy One)

Reference : yan

About the author

KB Chimmy

Leave a Comment