Social Stories

သားသမီးတို့ရဲ့ အနာဂတ်ရှေ့ရေးလှပဖို့အတွက် ပေါင် ၁၀၀ နီးပါးအလေးချိန်ရှိတဲ့ သစ်သားတုံးကြီးသယ်ဆောင်တဲ့အလုပ်ကို လုပ်ကိုင်ခဲ့တဲ့ မိခင်

Written by KB Chimmy

မကြာသေးမီက ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုက ပေါင် ၁၀၀ နီးပါးအလေးချိန်ရှိတဲ့ သစ်သားတုံးကြီးကို သယ်ဆောင်လာတဲ့ မိခင်တစ်ဦးရဲ့ စိတ်ပျက်ဖွယ်ပုံရိပ်ကို ပြသခဲ့ပါတယ် ။ ဒီဗီဒီယိုဟာ စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်သော်လည်း ကြည့်ရှုသူရဲ့ မျက်လုံးများဆီသို့ မျက်ရည်များ ကျစေပါတယ် ။ Thanh Nien သတင်းစာရဲ့အဆိုအရ အဆိုပါအမျိုးသမီးဟာ မစ္စ Le Thi Bac လို့ခေါ်ပြီး နမ့်ဒင်မြို့မှာ နေထိုင်ကာ သစ်သယ်လုပ်ငန်းကို နှစ်ပေါင်း (၂၀) ​​ကျော် လုပ်ကိုင်ခဲ့ပြီး ကျေးရွာမ ရဲအရာရှိအဖြစ် လုပ်ကိုင်နေတဲ့ ခင်ပွန်းတစ်ဦးရှိပါတယ် ။

ဒါပေမဲ့လည်း မိသားစုအတွက် ခင်ပွန်းဖြစ်သူရဲ့ လစာက မလုံလောက်တာကြောင့် စီးပွားရေးနဲ့ အသက်မွေးဝမ်းကြောင်းပြုရန် ထိုအလုပ်ကို ကြိုးစားလုပ်ဆောင်ရကြောင်း မစ္စ Le Thi Bac က ဆိုပါတယ် ။

သစ်အလုံးလိုက် ၂၅ လုံး သယ်နိုင်တဲ့ နေ့ရက်တွေဆိုရင် သူမရဲ့ လစာငွေ ၂၀၀,၀၀၀ VND ဖြစ်ပေမယ့် မစ္စ Le Thi Bac ကတော့ ကလေး ၃ ယောက်ကို ပြုစုပျိုးထောင်ဖို့ တစ်နှစ်ပြီးတစ်နှစ် ဆက်လုပ်နေရတုန်းပါပဲ ။

ခက်ခက်ခဲခဲ အလုပ်က တစ်ခါတရံ မတော်တဆမှုတွေကို မရှောင်လွှဲနိုင်ဘဲ သစ်သားနဲ့ ကြိတ်ခံရ၊ ခြေထောက်တွေကို ချုပ်ခဲ့ရပြီး တစ်ကိုယ်လုံး နာကျင်နေပေမယ့် သားသမီးတွေ စိတ်ပူမှာကို စိုးရိမ်တာကြောင့် သူတို့လေးတွေကို မပြောပြဘဲ တိတ်တိတ်လေး ကိုယ်တိုင် ဆေးဝယ်သောက်ခဲ့ပါတယ် ။

ပင်ပန်းဆင်းရဲမှုတွေကြားက မရပ်မနား အလုပ်လုပ်ရင်း စိတ်ဓာတ်တက်ကြွပြီး တက္ကသိုလ်တက်နေတဲ့ သားအငယ်အတွက် လက်ရှိကျောင်းလခ ပေးနိုင်ဖို့ မျှော်လင့်နေပါသေးတယ်။

မစ္စ Le Thi Bac ရဲ့ ဇာတ်လမ်းကို လွှင့်တင်ပြီးနောက်မှာ အွန်လိုင်းအသိုင်းအဝန်းမှ မျှဝေသူ ထောင်ပေါင်းများစွာ ရရှိခဲ့ပါတယ် ။

လူများစွာက မိခင်ရဲ့ကြိုးစားအားထုတ်မှုအတွက် စာနာကြောင်းဖော်ပြကြပြီး လူအများအပြားမှာ သူမရဲ့ပုံသဏ္ဌာန်များကို မြင်ရတဲ့အခါမှာ ၎င်းတို့ရဲ့ ခံစားချက်များကို ထိန်းထားနိုင်ခြင်းမရှိဘဲ မျက်ရည်ကျခဲ့ရပါတယ် ။

JRose (KB Chimmy One)

Reference : bestie

About the author

KB Chimmy

Leave a Comment