Social Stories

သားအဖနှစ်ယောက်ရဲ့ ရိုးရှင်းတဲ့ နွေးထွေးမှုလေးတွေကို ထိထိမိမိရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာ

Written by KB Chimmy

ချမ်းသာပြီး ဇိမ်ရှိဖို့ထပ် တစ်ခါတစ်ရံမှာ ကိုယ်ချစ်ရသူဆီက နွေးထွေးမှုနဲ့ ဂရုစိုက်အလေးထားမှုကို ခံရရုံနဲ့ လုံလောက်ပါတယ် ။ ဥပမာအားဖြင့် မင်းရဲ့ မိဘတွေဆီက ပွေ့ဖက်ထားမှုတွေ ခံစားရတဲ့ ဒါမှမဟုတ် မိသားစုနဲ့အတူ ရိုးရိုးရှင်းရှင်း စားဝိုင်းမှာ အတူတူစားရတဲ့ ခံစားချက်က အရမ်းနွေးထွေးပါတယ် ။ အခုတစ်ခေါက်မှာ ဓာတ်ပုံဆရာက ဖခင်တို့ရင် နွေးထွေး ကြင်နာမှုကို ထိထိမိမိ ရိုက်ကူးခဲ့ပါတယ် ။ ဖခင်တိုင်းက ထူးချွန်ထက်မြတ်တဲ့ အရည်အချင်းတွေ မရှိနိုင်ပေမဲ့ သားသမီးတွေအတွက်တော့ Superman တစ်ယောက်ပါဘဲ ။

ဖခင်က သားသမီးအတွက် အကောင်းဆုံး မဟုတ်ပေမဲ့ သားသမီးတွေကို ကာကွယ်ဖို့ အဆုံးစွန်သောခွန်အားကို အမြဲပိုင်ဆိုင်ထားသူတွေပါ ။ ဓာတ်ပုံဆရာရိုက်မိတဲ့ ပုံထဲမှာ ဖခင်နဲ့သားသမီးကြားရှိ အခိုက်အတန့်များက လူတို့ရဲ့ နှလုံးသားများကို လှုပ်ရှားစေခြင်းကဲ့သို့ အကျဉ်းချုပ်ဖော်ပြထားပါတယ် ။ သူတို့က လှပတဲ့ စိတ်ခံစားမှုများစွာကို ဖြစ်ပေါ်စေပြီး အခြားသော ဖခင်ကိုဆုံးရှုံးသွားတဲ့ သူများအတွက်တော့ ဝမ်းနည်းစေခဲ့ပါတယ် ။ ဒါကြောင့် မိသားစုပြည့်ပြည့်စုံစုံရှိသေးတဲ့ သူတွေအတွက်တော့ အရမ်းကံကောင်းပါတယ် ။ နောက်မှနောင်တမရအောင် ကိုယ်ချစ်ရတဲ့သူနဲ့ ဘယ်အချိန်မဆို လက်လွတ်မခံပါနဲ့ ။

.

.

.

.

JRose (KB Chimmy One)

Reference : yan

Zawgyi



JRose (KB Chimmy One)

About the author

KB Chimmy

Leave a Comment