Social Stories

စားစရိတ်နဲ့ အသုံးစရိတ်များကို ချွေတာပြီး ငွေစုဆောင်းကာ ၁၆ နှစ်အကြာမှာ အိမ် ၃ လုံးကို ဝယ်ယူနိုင်ခဲ့တဲ့ အသက် 34 နှစ်အရွယ် အမျိုးသမီး

Written by KB Chimmy

ငွေစုခြင်းက ကောင်းမွန်တဲ့အရာဖြစ်တယ်လို့ ဆိုနိုင်ပါတယ် ။ ဂျပန်နိုင်ငံက အမျိုးသမီးငယ်တစ်ဦးဟာ သူမက ၎င်းရဲ့ရုပ်မြင်သံကြားပွဲဦးထွက်ကို ပြသခဲ့ပြီး သူမရဲ့ ပထမဆုံးအိမ်သုံးလုံး မဝယ်နိုင် မချင်း ငွေစုပုံလျှို့ဝှက်ချက်ကို ထုတ်ဖော်ခဲ့ပါတယ် ။ အသက် 18 နှစ်အရွယ်မှာ သူမရဲ့ဘဝရည်မှန်းချက်က အသက် 34 နှစ်မတိုင်မီ အိမ်သုံးလုံးဝယ်နိုင်အောင်နဲ့ နောက်ပိုင်း အငြိမ်းစားယူရန်ဖြစ်ကြောင်း သူမက ပြောကြားခဲ့ပြီးတော့ သူမ အိပ်မက်တွေနောက်ကို လိုက်ခဲ့ပါတော့တယ် ။

.

အထူးသဖြင့် အစားအသောက်စရိတ်က နေ့စဉ်မဖြစ်မနေလိုအပ်တဲ့ အဓိကကုန်ကျစရိတ်ဖြစ်သောကြောင့် ငွေစုဆောင်းလို့ရဖို့ မလွယ်ကူပါဘူး ။

ဒါကြောင့် သူမက အသုံးစရိတ်နဲ့ အစားအသောက်တွေအတွက်ကို လျှော့သုံးရန်ဆုံးဖြတ်ပြီး ငွေစစုဆောင်းခံ့ပါတယ် ။ နေ့စဉ်မှာ သူမက တစ်နေ့လျှင် ပျမ်းမျှ အစားအစာအတွက် ၁၅၃ ယန်း သို့မဟုတ် ၄၅ ဘတ်ခန့်ကို ၁၆ နှစ်ကျော် သုံးစွဲမှာ ဖြစ်ပါတယ် ။

အသက် 27 နှစ်မှာ စုဆောင်းငွေများစွာဖြင့် သူမရဲ့ပထမဆုံးအိမ်ကို ယန်း 10 သန်း (သို့) ဘတ် 2.9 သန်းဖြင့် ဝယ်ယူခြင်းဖြင့် သူမရဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ် ။

သူမရဲ့အလုပ်မှ ယန်းငွေ 256,000 (သို့) ဘတ် 74,000 ထက်ပိုမိုရရှိကာ အိမ်များထပ်မံဝယ်ယူလိုကြောင်းပြောခဲ့ပြီး အသက် 29 နှစ်အရွယ်မှာ သူမရဲ့ ဒုတိယအိမ်က ယန်း 18 သန်း (သို့) 5.2 သန်းခန့်ဖြင့် ဝယ်ယူနိုင်ခဲ့ပါတယ် ။

တတိယအကြိမ်ဖြင့် အသက် ၃၄ နှစ်မှာ ယန်း ၂၇ သန်းကျော် သို့မဟုတ် ဘတ် ၇.၈ သန်းခန့် ဝယ်ယူနိုင်ခဲ့ပါတယ် ။

လက်ရှိအချိန်မှာတော့ သူမဟာ အိပ်ပျော်နေတဲ့ ကျားတစ်ကောင်လိုဖြစ်ပြီး အနားယူသွားပြီ ဖြစ်ပါတယ်။ သူမက ပထမဆုံးအိမ်ရောက်ကတည်းက အိမ်ငှားခြင်းမှ ဝင်ငွေအများအပြားကို ရရှိခဲ့ပါတယ် ။

လစဉ် ယန်း 30,000 (သို့) 8,800 ဘတ် လောက်နဲ့ အခု အိမ်ရဲ့ အစိတ်အပိုင်းကို ကဖေးအဖြစ် ပြောင်းလဲလိုက်ပြီး သူမရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ ။

JRose (KB Chimmy One)

Reference : thainewsonline

About the author

KB Chimmy

Leave a Comment