Social Stories

ပျော်ရွှင်မှုကိုသာ ဂရုစိုက်ပြီး နောက်အိမ်ထောင်ပြုကာ ကလေးကို ထားခဲ့တယ်လို့ ဝေဖန်ခံရတဲ့ ကြင်ဖော်မဲ့မိခင်တစ်ဦး

Written by KB Chimmy

ဗီယက်နမ်လူမှုကွန်ရက်မှာ မကြာသေးမီက ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုတဲ့အခါ သမီးဖြစ်သူက ထွက်သွားဖို့ အော်ဟစ်ပြောဆိုခဲ့တာကို ပြသခဲ့ပါတယ် ။ ကလစ်က အာရုံခံစားမှု ဖြစ်စေခဲ့ပြီး မိခင်ဖြစ်သူကို လူအများက ဝေဖန်ခဲ့ကြရာ သူမက သူ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုသာ ဂရုစိုက်ပြီး သမီးဖြစ်သူကို ထားခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ် ။ ပြည်တွင်းမီဒီယာများက မိခင်ဖြစ်သူထံ ဆက်သွယ်မေးမြန်းရာ ထိုနေ့က ရိုက်ကူးထားတဲ့ ကလစ်များ အများအပြားရှိသော်လည်း သမီးဖြစ်သူ ငိုနေတဲ့ တစ်ခုတည်းသော ဗီဒီယိုဖိုင်က ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပါတယ် ။

သူမက အဖြစ်အပျက်ကို ပြန်ပြောပြခဲ့ပြီး သူမသမီးက ခင်ပွန်းသစ်နဲ့အတူတူ ပျော်ရွှင်စွာ နေထိုင်နေပါတယ် ။ ထိုနေ့မှာ ထုံးစံပြဿနာများကြောင့်သာ သမီးဖြစ်သူက သူ့အမေနဲ့ အတူ အိမ်သစ်ကို မပြောင်းချင်တာကြောင့် ငိုနေခဲ့တာပါ ။ ဒါ့အပြင် ခင်ပွန်းနဲ့ သမီးရဲ့ ဆက်ဆံရေးကလည်း ကောင်းမွန်ပြီး ပျော်ရွှင်စရာကောင်းတဲ့ သူတို့ရဲ့မိသားစုဓာတ်ပုံလေးတွေကိုပါ မျှဝေလာခဲ့ပါတယ် ။ အထင်မှားသွားတာကို သိပြီးနောက် အင်တာနက်အသုံးပြုသူများက ၎င်းတို့ကို ပျော်ရွှင်ဖွယ်အဆုံးသတ်အဖြစ် ဖော်ပြကြပြီး ပထွေးဖြစ်သူကို ကလေးငယ်ကို ဂရုစိုက်ရန် တိုက်တွန်းခဲ့လိုက်ပါတယ် ။

.

.

.

.

.

.

.

.

.

.

.

JRose (KB Chimmy One)

Reference : hk01

Zawgyi



JRose (KB Chimmy One)

About the author

KB Chimmy

Leave a Comment