Uncategorized

ကြီးမားတဲ့ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းပေါ်မှာ နာရီပေါင်းများစွာ ပိတ်မိနေခဲ့ရတဲ့ ပြည်သူများ

Written by KB Chimmy

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ညက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Sungai Besi Toll လမ်းမကြီးပေါ်က ကြီးမားတဲ့ယာဉ်ကြောပိတ်ဆို့မှုဟာ နာရီပေါင်းများစွာကြာမြင့်ခဲ့ပြီး ထိုမြင်ကွင်းဗီဒီယိုများကလည်း ညတွင်းချင်း ပျံ့နှံ့သွားခဲ့ပါတယ်။ @mo_he_sh အမည်ရှိ TikTok အသုံးပြုသူမှတင်ထားခဲ့တဲ့ဗီဒီယိုတစ်ခုမှာ ကွာလာလမ်ပူမြို့နှင့် အနောက်ဘက်သို့ဦးတည်သွားနေသည့်လမ်းကြောနှစ်ဖက်စလုံးပေါ်က ရပ်တန့်နေတဲ့ကားများရဲ့bumper မီးများကိုပြသထားပါတယ်။ မလေးရှားအင်တာနက်သုံးစွဲသူများက ကြီးမားတဲ့ယာဉ်ကြောပိတ်ဆို့မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာများကိုအပြစ်တင်ပြောဆိုလှောင်ပြောင်ဝေဖန်ခဲ့ကြတာကြောင့် အဆိုပါဗီဒီယိုဟာ 22 နာရီအတွင်း TikTok မှာကြည့်ရှုမှု 3.6 သန်းကျော်ရရှိခဲ့ပြီး Likes 522,000 ကျော်နှင့် မှတ်ချက်ပေါင်း 12,000 ကျော်အထိရရှိသွားခဲ့ပါတယ်။

ထို့ပြင် TikTok အသုံးပြုသူ @farhanarosl မှ မျှဝေပေးခဲ့တဲ့အခြားဗီဒီယိုတစ်ခုတွင် အရှေ့မှာရှိတဲ့ယာဉ်မောင်းများက တိုးဂိတ်ကိုကျော်ဖြတ်ရန် စိတ်ရှည်စွာတန်းစီနေချိန်မှာ နောက်မှာရှိတဲ့ကြီးမားတဲ့ယာဉ်များက သိသိသာသာ တိုးတက်လာသည်ကိုမြင်တွေ့နိုင်ပါတယ်။ ထိုဗီဒီယိုရဲ့caption မှာ @farhanarosl က အဆိုပါယာဉ်ကြောပိတ်ဆို့မှုကြီးက ညနေ ၄ နာရီမှစတင်ကာ နာရီပေါင်းများစွာအထိကြာသွားကြောင်းလည်း မျှဝေခဲ့ပါတယ်။ ထိုနာရီအနည်းငယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုကိုရအောင်ကျော်ဖြတ်ရန် ကြိုးပမ်းနေခဲ့တဲ့ လူနာတင်ယာဉ်ကားငါးစီးလည်းရှိခဲ့ကြောင်းလည်း သူမကဆက်ပြောထားခဲ့ပါတယ်။ သူမရဲ့ဗီဒီယိုကိုတော့ ကြည့်ရှုသူ 4.5 သန်းကျော်၊ like 392,400 ကျော်နဲ့ မှတ်ချက် 12,300 ကျော်အထိရရှိခဲ့ပါတယ်။

Mia (KB Chimmy One)

Reference : worldofbuzz

Zawgyi

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁ ရက္ေန႔ညက မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ရွိ Sungai Besi Toll လမ္းမႀကီးေပၚက ႀကီးမားတဲ့ယာဥ္ေၾကာပိတ္ဆို႔မႈဟာ နာရီေပါင္းမ်ားစြာၾကာျမင့္ခဲ့ၿပီး ထိုျမင္ကြင္းဗီဒီယိုမ်ားကလည္း ညတြင္းခ်င္း ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ @mo_he_sh အမည္ရွိ TikTok အသုံးျပဳသူမွတင္ထားခဲ့တဲ့ဗီဒီယိုတစ္ခုမွာ ကြာလာလမ္ပူၿမိဳ႕ႏွင့္ အေနာက္ဘက္သို႔ဦးတည္သြားေနသည့္လမ္းေၾကာႏွစ္ဖက္စလုံးေပၚက ရပ္တန္႔ေနတဲ့ကားမ်ားရဲ႕bumper မီးမ်ားကိုျပသထားပါတယ္။ မေလးရွားအင္တာနက္သုံးစြဲသူမ်ားက ႀကီးမားတဲ့ယာဥ္ေၾကာပိတ္ဆို႔မႈႏွင့္ပတ္သက္ၿပီး သက္ဆိုင္ရာမ်ားကိုအျပစ္တင္ေျပာဆိုေလွာင္ေျပာင္ေဝဖန္ခဲ့ၾကတာေၾကာင့္ အဆိုပါဗီဒီယိုဟာ 22 နာရီအတြင္း TikTok မွာၾကည့္ရႈမႈ 3.6 သန္းေက်ာ္ရရွိခဲ့ၿပီး Likes 522,000 ေက်ာ္ႏွင့္ မွတ္ခ်က္ေပါင္း 12,000 ေက်ာ္အထိရရွိသြားခဲ့ပါတယ္။

ထို႔ျပင္ TikTok အသုံးျပဳသူ @farhanarosl မွ မွ်ေဝေပးခဲ့တဲ့အျခားဗီဒီယိုတစ္ခုတြင္ အေရွ႕မွာရွိတဲ့ယာဥ္ေမာင္းမ်ားက တိုးဂိတ္ကိုေက်ာ္ျဖတ္ရန္ စိတ္ရွည္စြာတန္းစီေနခ်ိန္မွာ ေနာက္မွာရွိတဲ့ႀကီးမားတဲ့ယာဥ္မ်ားက သိသိသာသာ တိုးတက္လာသည္ကိုျမင္ေတြ႕ႏိုင္ပါတယ္။ ထိုဗီဒီယိုရဲ႕caption မွာ @farhanarosl က အဆိုပါယာဥ္ေၾကာပိတ္ဆို႔မႈႀကီးက ညေန ၄ နာရီမွစတင္ကာ နာရီေပါင္းမ်ားစြာအထိၾကာသြားေၾကာင္းလည္း မွ်ေဝခဲ့ပါတယ္။ ထိုနာရီအနည္းငယ္အတြင္း ယာဥ္ေၾကာပိတ္ဆို႔မႈကိုရေအာင္ေက်ာ္ျဖတ္ရန္ ႀကိဳးပမ္းေနခဲ့တဲ့ လူနာတင္ယာဥ္ကားငါးစီးလည္းရွိခဲ့ေၾကာင္းလည္း သူမကဆက္ေျပာထားခဲ့ပါတယ္။ သူမရဲ႕ဗီဒီယိုကိုေတာ့ ၾကည့္ရႈသူ 4.5 သန္းေက်ာ္၊ like 392,400 ေက်ာ္နဲ႔ မွတ္ခ်က္ 12,300 ေက်ာ္အထိရရွိခဲ့ပါတယ္။

Mia (KB Chimmy One)

About the author

KB Chimmy

Leave a Comment